Connect with us

China

တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ အားသစ်လောင်းမှုတွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုက ထုတ်လုပ်မှု စွမ်းအားသစ်များကို ဖန်တီးပေး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဆွေဟွမြို့၊ တောက်ရှန်းကျေးရွာ၌ တောင်သူများက လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားသည့် နှံစားသီးနှံများအား ယာဉ်တစ်စီးပေါ်သို့ တင်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ခေတ်မီ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားဖြည့်ပံ့ပိုးရေးအတွက် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် အရည်အသွေးရှိသော ထုတ်လုပ်မှု စွမ်းအားသစ်များ ဖန်တီးရန် ရည်မှန်းထားကာ ယင်းသည် ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်ခဲ့သော ယခုနှစ်၏ “နံပါတ်-၁ ဗဟိုအဆင့် ကြေညာချက်” ၌ အလေးပေးဖော်ပြထားသော ဦးစားပေး မူဝါဒတစ်ရပ်ဖြစ်သည်။
အဆိုပါ အနာဂတ်စီမံချက် ကြေညာချက်မှာ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရ အာဏာပိုင်များက နှစ်စဉ်ထုတ်ပြန်လေ့ရှိသော ပထမဆုံး မူဝါဒကြေညာချက်ပင်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဇီဝနည်းပညာနှင့် ခေတ်မီနည်းပညာသုံး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကိရိယာများကို လျင်လျင်မြန်မြန် အဆင့်မြင့်လာသည်နှင့်အမျှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းရေးအတွက် တွန်းအားများ ဖြည့်တင်းရာ၌ သိပ္ပံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုကို ထိထိရောက်ရောက် အသုံးချမည့် ရှင်းလင်းတိကျသော လုပ်ငန်းစဉ်အား ယခုနှစ် မူဝါဒကြေညာချက်၌ ချမှတ်ထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………………….
(English Version)
(China Economic Roundtable) Economic Watch: Tech innovation cultivates new productive forces in China’s rural revitalization
BEIJING, Feb. 23 (Xinhua) — China aims to cultivate new quality productive forces through technological innovation to empower modern agriculture, a policy priority that has been underscored in this year’s “No. 1 central document,” which was released on Sunday.
The blueprint document is the first policy statement released by China’s central authorities each year. And this year’s has set the clear agenda of leveraging scientific innovation to inject impetus into the modernization of agriculture, amid China’s rapid advancements in biotech and smart farming equipment.
English Caption
An aerial drone photo shows farmers loading newly harvested grains into a vehicle in Daoxiang Village of Suihua City, northeast China’s Heilongjiang Province, Oct. 13, 2024. (Xinhua/Zhang Tao)