Connect with us

Science & Technology

မိုးကုတ် နှစ် ၈၀၀ ပြည့် အထိမ်းအမှတ် ကျောက်သွေးပြိုင်ပွဲ အနိုင်ရသူများ ကြေညာ

ပထမဆုရ - ကိုကျော်ဆန်း၊ တတိယ ဆုရ- မဟေမန်ဦး နှင့် ဒုတိယ ဆုရ ကို ကေထူးကိုတို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

မိုးကုတ် နှစ် ၈၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ပထမ အကြိမ် မြန်မာ့ ကျောက်မျက်သွေး လက်စွမ်းရည် ပြိုင်ပွဲ၌ အနိုင်ရရှိသူများစာရင်းကို ယနေ့ညနေ ၃ း ၃၀ နာရီတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ၎င်းတို့အားဆုချီးမြှင့်သည့် အခမ်းအနားကို ဆက်လက် ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အဆင့်မီ ကျောက်သွေး ပညာရှင်များပေါ်ထွက်လာရေး၊ လက်မှု ပညာနှင့် စက်မှုပညာ နှစ်ရပ်လုံး ပေါင်းစည်း တတ်မြောက်ရေး၊ ကမ္ဘာ့ကျောက်မျက် ဈေးကွက်သို့ ပိုမို ထိုးဖောက် ဝင်ရောက်နိုင်ရေး၊ ကျောက်သွေး ပညာရှင်များ အသင်းအဖွဲ့ ပေါ်ပေါက်လာရေး၊ ပညာရှင်များ ထိုက်တန်သော လုပ်အားခများ ရရှိလာရေး စသည့် ရည်ရွယ်ချက်များဖြင့် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ဈေးရှိ ပတ္တမြား ရတနာခန်းမ၌ မတ်လ ၁၃ ရက်နေ့မှ ၂၉ ရက် နေ့အထိ ပြုလုပ်ခဲ့သော အဆိုပါ ပထမ အကြိမ် မြန်မာ့ ကျောက်မျက်သွေး လက်စွမ်းရည် ပြိုင်ပွဲသို့ မန္တလေး အပါအဝင် မိုးကုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်း တို့မှ ပြိုင်ပွဲဝင် ၆၃ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ရာ မိုးကုတ်အရှေ့ပိုင်းမှ ကိုကျော်ဆန်း၊ ကိုကေထူးကိုနှင့် မဟေမန်ဦးတို့က ပထမ၊ ဒုတိယနှင့် တတိယ ဆုများ အသီးသီး ရရှိခဲ့ကြသည်။

ကျောက်မျက်သွေး လက်စွမ်းရည် ပြိုင်ပွဲဝင်နေစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

၎င်းတို့ သုံးဦးအပြင် နှစ်သိမ့်ဆုရသူ ၂၀ ဦး၊ အမျိုးသမီး ဆု ခြောက်ဦးတို့၏ အမည်စာရင်းကိုလည်း ကြေညာခဲ့ရာ ဆုရရှိသူ စုစုပေါင်းမှာ ၂၆ ဦး ရှိကြောင်း အဆိုပါ ပြိုင်ပွဲ၏ အကဲဖြတ် ဒိုင်လူကြီး ဦးညွန့်ရွှေက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117