Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် Rio Carnival ပွဲတော်ကြီး စတင်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ရီယိုမြို့တော်ဝန်နန်းတော်၌ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော်ဝန် Eduardo Paes (ရှေ့တန်း၊ ဝဲဘက်) က ရွှေသော့ကို “Carnival King” ထံ လွှဲပြောင်းပေးနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မတ် ၁ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော်ဝန် Eduardo Paes က ဖေဖော်ဝါရီ ၂၈ ရက်တွင် ရီယိုမြို့တော်ဝန်နန်းတော်၌ မြို့ပြစီမံခန့်ခွဲမှုအာဏာကို ကိုယ်စားပြုသည့် ရွှေသော့တစ်ချောင်းအား “Carnival King” ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ယင်းသည် ၂၀၂၅ ခုနှစ် Rio Carnival ပွဲတော်ကြီး တရားဝင် စတင်ခြင်း၏ အမှတ်သင်္ကေတဖြစ်ခဲ့သည်။
Rio Carnival ပွဲတော်ကြီးသည် ဘရားဇီးနိုင်ငံ၏ အတိုင်းအတာအားဖြင့် အကြီးဆုံး၊ နိုင်ငံတကာတွင် နာမည်အကျော်ကြားဆုံး ပွဲတော်ကြီးဖြစ်သည်။ ပွဲရက်ကာလအတွင်း Sambadrome Marquês de Sapucaí တွင် ဖျော်ဖြေရေးများရှိသည့်အပြင် ရီယိုတစ်မြို့လုံးရှိ လမ်းများပေါ်တွင် ပွဲတော်စီတန်းလှည့်လည်ချီတက်ပွဲများ ရှိမည်ဖြစ်သည်။ ထို့အပြင် ဆော်ပေါ်လို၊ အယ်လ်ဆာဗေးဒိုး၊ ရစီဖာ စသည့် ဘရားဇီးနိုင်ငံရှိ မြို့များတွင်လည်း Carnival ပွဲတော် အခမ်းအနားများ ဆင်နွှဲသွားမည်ဖြစ်သည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ရီယိုမြို့တော်ဝန်နန်းတော်၌ “Carnival King” က ရွှေသော့အား ပြသနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
巴西里约狂欢节拉开帷幕
新华社里约热内卢2月28日电(记者陈威华 谢照)巴西里约热内卢市长爱德华多·帕埃斯2月28日在里约市长宫将一把象征城市管理权的金钥匙交给“狂欢节国王”,标志着2025年里约狂欢节正式拉开帷幕。
里约狂欢节是巴西规模最大、国际知名度最高的狂欢节。节日期间,除了桑巴大道上有表演,里约全城举行街头狂欢游行活动。此外,圣保罗、萨尔瓦多、累西腓等巴西城市也会举行盛大的狂欢节庆祝活动。(完)
2月28日,巴西里约热内卢市长爱德华多·帕埃斯(前左)在市长宫将金钥匙交给“狂欢节国王”(前右)。新华社记者 王天聪 摄
2月28日,“狂欢节国王”在巴西里约热内卢市长宫展示金钥匙。新华社记者 王天聪 摄