NPC
လွန်ခဲ့သည့် တစ်နှစ်အတွင်း တရုတ်ဝိသေသလက္ခဏာဆောင်သော နိုင်ငံကြီး သံတမန်ဆက်ဆံရေး အခင်းအကျင်းအသစ်ကို စတင်ဖွင့်လှစ်ခဲ့သည်ဟု အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် ပြောကြား

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် တစ်နှစ်အတွင်း တရုတ်ဝိသေသလက္ခဏာဆောင်သော နိုင်ငံကြီး သံတမန်ဆက်ဆံရေး အခင်းအကျင်းအသစ်ကို စတင်ဖွင့်လှစ်ခဲ့သည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက်၌ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ရှီကျင့်ဖိန် စသည့် ပါတီနှင့် နိုင်ငံခေါင်းဆောင်များက နိုင်ငံများစွာသို့ ခရီးစဉ် သွားရောက်ခဲ့ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ BRICS နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၊ G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးအစီအစဉ်များ စသည့် အရေးကြီး နိုင်ငံစုံနှင့် နှစ်ဖက်လှုပ်ရှားမှု အခမ်းအနားများစွာကို တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံ၊ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့် အစည်းအဝေး စသည့် အိမ်ရှင်အဖြစ် ကျင်းပသော အရေးကြီး သံတမန်ဆက်ဆံရေး အခမ်းအနားများအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး အခိုင်အမာ တိုးချဲ့ရေး၊ စစ်မှန်သော ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာကျင့်သုံးရေး၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း ဂရုပြုကြသည့် ပြဿနာများဖြေရှင်းရေးတွင် တက်ကြွ၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အရေးပါသော အကျိုးထမ်းဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
两会·要闻|李强在政府工作报告中介绍,过去一年中国特色大国外交开创新局面
新华社北京3月5日电 国务院总理李强5日在政府工作报告中介绍,过去一年,中国特色大国外交开创新局面。
习近平主席等党和国家领导人出访多国,出席上海合作组织峰会、金砖国家领导人会晤、亚太经合组织领导人非正式会议、二十国集团领导人峰会、东亚合作领导人系列会议等重大多双边活动。成功举办中非合作论坛北京峰会、和平共处五项原则发表70周年纪念大会、中阿合作论坛部长级会议等重大主场外交活动。推动构建人类命运共同体,巩固拓展全球伙伴关系,坚持真正的多边主义,在应对全球性挑战和解决国际地区热点问题中发挥积极建设性作用。中国为促进世界和平与发展作出了重要贡献。(完)
图说:3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。 新华社记者 王建华 摄