Connect with us

China

တင်းရွှဲရှန်နှင့် လာအို နိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulith တို့ မတ် ၁၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်သည် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane နှင့် မတ် ၁၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တင်းရွှဲရှန်က တရုတ်နိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် လာအိုနိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ Thongloun Sisoulith တို့၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးသည် ကြွယ်ဝများပြားလှသော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် ဆိုရှယ်လစ်ဝါဒရဲဘော် ညီအစ်ကိုများ အနေဖြင့် ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်ကို စေ့စပ်သေချာစွာ ဖော်ဆောင်ရမည် ဖြစ်ပြီး အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို နီးကပ်အောင်၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုကို အားဖြည့်ခြင်း၊ တရုတ်-လာအို စီးပွားရေး စင်္ကြံတည်ဆောက်ရေးကို တွန်းအားပေးခြင်း၊ တရုတ်-လာအို ရထားလမ်း၏ အရည်အသွေးနှင့် ထိရောက်မှုစွမ်းရည် မြှင့်တင်မှုကို တွန်းအားပေးခြင်း၊ ဉာဏ်ရည်တုစွမ်းရည်၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်းတို့ဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Thongsavanh Phomvihane က တရုတ်နိုင်ငံအနေဖြင့် အစည်းအဝေးကြီးနှစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဗဟိုအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုကို အခိုင်အမာထောက်ခံကြောင်း၊ နှစ်နိုင်ငံ ဘက်ပေါင်းစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ကာ လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အဆင့်သစ်သို့ စဉ်ဆက်မပြတ် လျှောက်လှမ်းနိုင်ရေးအား တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulith တို့ မတ် ၁၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

———————
(Chinese Version)
丁薛祥会见老挝外长通沙万
新华社北京3月14日电 中共中央政治局常委、国务院副总理丁薛祥14日在北京会见老挝外长通沙万。
丁薛祥表示,在习近平总书记、国家主席和通伦总书记、国家主席战略引领下,中老命运共同体建设取得丰硕成果。双方作为社会主义同志加兄弟,要认真落实两党两国最高领导人重要共识,密切高层交往,深化政治互信,共同维护安全和发展利益。加强发展战略对接,推进中老经济走廊建设,推动中老铁路提质增效,拓展人工智能、数字经济等合作,更好造福两国和两国人民。
通沙万祝贺中国全国两会胜利召开,表示老方坚定支持中方维护核心利益,愿深化两国全方位务实合作,推动老中命运共同体建设不断迈上新水平。(完)
1. 3月14日,中共中央政治局常委、国务院副总理丁薛祥在北京会见老挝外长通沙万。 新华社记者 庞兴雷 摄