Connect with us

မြန်မာ-ENG

“နီကျား-၂” ကမ္ဘာ့ရုပ်ရှင်လက်မှတ်ရောင်းအား အကောင်းဆုံး ထိပ်တန်း နံပါတ် ၅ စာရင်းဝင် ရုပ်ရှင်ဖြစ်လာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့ရှိ ရုပ်ရှင်ရုံတစ်ခုတွင် “နီကျား-၂” အန်နီမေးရှင်းရုပ်ရှင် ပို့စ်စတာအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်အန်နီမေးရှင်း ရုပ်ရှင်ကြီးဖြစ်သော “နီကျား-၂” သည် Disney ၏ “Star Wars: The Force Awakens” ကို ကျော်လွန်ပြီး ကမ္ဘာ့ရုပ်ရှင်သမိုင်းတွင် လက်မှတ်ရောင်းအား အကောင်ဆုံး ထိပ်တန်းနံပါတ် ၅ ရုပ်ရှင် ဖြစ်လာသည်။

မတ် ၁၅ ရက်အထိ ယင်းရုပ်ရှင်၏ လက်မှတ်ရောင်းအားသည် ကြိုတင်ရောင်းချထားသည့် လက်မှတ်အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေသည် ယွမ် ၁၅.၀၁၉ ဘီလီယံ (ကန်ဒေါ်လာ ၂.၀၉ ဘီလီယံခန့်) ရှိကြောင်း Maoyan လက်မှတ်အရောင်းအဝယ်ပလက်ဖောင်း၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါရုပ်ရှင်ကို ဇန်နဝါရီ ၂၉ ရက် နွေဦးပွဲတော်ကာလအတွင်း ရုံတင်ခဲ့ခြင်းဖြစ်ရာ ၄၅ ရက်အကြာတွင်ပင် ဤသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သည်။

ယင်းရုပ်ရှင်သည် ဈေးကွက်တစ်ခုတည်းတွင် လက်မှတ်ရောင်းအားဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ရရှိသည့် ပထမဆုံး ရုပ်ရှင်၊ billion-dollar club သို့ ဝင်ရောက်သော ပထမဆုံး ဟောလိဝုဒ် မဟုတ်သည့် ရုပ်ရှင် ဖြစ်သလို ကမ္ဘာ့သမိုင်းတွင် ရောင်းအားအမြင့်ဆုံးသော အန်နီမေးရှင်းရုပ်ရှင်အဖြစ် မှတ်မိစွဲထင်စေသည့် မှတ်တမ်းပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သည်။ (Xinhua)

——————-
(English Version)
Ne Zha 2″ storms into all-time global box office top 5
BEIJING, March 15 (Xinhua) — Chinese animated powerhouse “Ne Zha 2” has surpassed Disney’s “Star Wars: The Force Awakens” to secure its spot as the fifth highest-grossing film of all time globally.
According to data from ticketing platform Maoyan, the film’s global earnings, including presales, have exceeded 15.019 billion yuan (about 2.09 billion U.S. dollars) as of Saturday.
The milestone was reached just 45 days after the film’s release during the Chinese New Year on Jan. 29.
This adds to an impressive list of records for the film, which became the first film to gross 1 billion U.S. dollars in a single market, the first non-Hollywood title to enter the billion-dollar club, and the highest-grossing animated movie of all time worldwide. Enditem
1. Posters of the animated feature “Ne Zha 2” are pictured at a cinema in Shenyang, northeast China’s Liaoning Province, Feb. 6, 2025.