Connect with us

Myanmar

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂ လအတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဥ်တိုက်မှုဖြစ်ပွားသော ယာဥ်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် (ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ပထမနှစ်လအတွင်း ယာဉ်မတော်တဆမှု ၂၆ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၁ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ယခင်နှစ် အလားတူကာလကလည်း ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၃၀ မှု ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ရသည့် အဓိကအကြောင်းရင်းများသည် ယာဥ်ကိုမဆင်မခြင် မောင်းနှင်မှု၊ ယာဉ်ချို့ယွင်းမှု၊ လမ်းမကောင်းမှုနှင့် ရာသီဥတုအခြေအနေများကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်အတွက် ရဲတပ်ဖွဲ့က အသိပညာပေး အစီအစဉ်များ လုပ်ဆောင်နေပြီး အရှိန်လွန် ယာဉ်များကို အရေးယူဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ (Xinhua)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဥ်တိုက်မှုဖြစ်ပွားသော ယာဥ်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် (ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဥ်တိုက်မှုဖြစ်ပွားသော ယာဥ်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် (ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့)

………………………
(English Version)
11 killed, 66 injured on Myanmar’s Yangon-Mandalay highway in first 2 months of 2025
YANGON, March 18 (Xinhua) — A total of 11 people were killed and 66 injured in 26 traffic accidents on Myanmar’s Yangon-Mandalay highway during the first two months of this year, according to the highway traffic police force on Tuesday.
In the same period last year, 30 traffic accidents occurred on the same highway, killing 23 people, an official from the highway traffic police force told Xinhua.
Among the main causes of traffic accidents in Myanmar are reckless driving, vehicle defects, as well as bad road and weather conditions.
To reduce accidents, the police are conducting awareness programs and taking action against speeding vehicles, he added. ■