Science & Technology
ဂျိုင်း (ကော့ကရိတ်) ကြိုးတံတားနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်ထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်အတွင်းရှိ သထုံ – ဘားအံ – ကော့ကရိတ် – မြဝတီ လမ်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတား၏ သက်တမ်းနှင့် ခံနိုင်ဝန် အင်အား လျော့နည်းလာမှုကြောင့် (၁၉-၄-၂၀၁၈)ရက်နေ့မှ စတင်၍ အဆိုပါ ကြိုးတံတားပေါ်သို့ ၁၃တန်(ယာဉ်+ကုန်)နှင့်အောက် ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှယနေ့ အသိပေးနှိုးဆောက်ချက် ထုတ်ပြန်ခဲ့သည်။
၁၃တန်(ယာဉ်+ကုန်)အထက် ယာဉ်များမှာ အဆိုပါ ကြိုးတံတားဘေးရှိ Pontoon တံတားပေါ်မှ ဖြတ်သန်းကြရမည် ဖြစ်ကြောင်း အသိပေးနှိုးဆော် အပ်ပါသည်ဟူ၍ပါရှိသည်။ (Xinhua)