China
တရုတ်ရထားလုပ်ငန်းက ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း ခရီးသွားလာမှုများပြားမည်ဟု မျှော်မှန်း

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရထားလုပ်ငန်းက ယခုနှစ် ဧပြီ ၄ ရက်၌စတင်ကာ သုံးရက်တာကြာမြင့်မည့် ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း ခရီးသွားလာမှု မြင့်တက်ရေးမျှော်မှန်းချက်အတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရီးသွားလာမှု ဧကန်စင်စစ်များပြားချိန်မှာ ဧပြီ ၃ ရက်မှစ၍ ငါးရက်တာကာလဖြစ်သည်ဟု တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းလည်ပတ်သူ China Railway ကုမ္ပဏီက ဆိုသည်။ မီးရထားလုပ်ငန်းလည်ပတ်သူက ဧပြီ ၃ ရက်မှ ၇ ရက်အထိ စုစုပေါင်း ခရီးသည်ခရီးစဉ် အရေအတွက် ၈၄.၅ သန်း၊ နေ့စဉ်ပျမ်းမျှ ခရီးစဉ် ၁၆.၉ သန်းရှိမည်ဟု ခန့်မှန်းထားသည်။
အဆိုပါ အားလပ်ရက်အတွင်း ခရီးသွားလာမှုအများဆုံးမှာ ဧပြီ ၄ ရက်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ခန့်မှန်းထားသည်။
ချင်းမင်ပွဲတော် သို့မဟုတ် တရုတ်သင်္ချိုင်းကန်တော့ပွဲ (Tomb-Sweeping Day) သည် ယခုနှစ် ဧပြီ ၄ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။ ယင်းမှာ ပြည်သူများက ကွယ်လွန်သွားသူများကို ဂါရဝပြုခြင်းနှင့် ၎င်းတို့၏ ဘိုးဘွားများအား ရှိခိုးကန်တော့ကြသော တရုတ်ရိုးရာပွဲတော် တစ်ခုဖြစ်သည်။ ယင်းကာလအားလပ်ရက်တွင် တရုတ်နိုင်ငံသားများအနေဖြင့် နေအိမ်ပြင်ပအစီအစဉ်များနှင့် ရှုခင်းကြည့်ခရီးသွားအစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် ခေတ္တအနားယူကြချိန်လည်းဖြစ်သည်။ (Xinhua)
………………………..
(English Version)
Chinese railways expect travel rush during Qingming holiday
BEIJING, April 3 (Xinhua) — China’s railways are gearing up for an expected surge in travel during the upcoming three-day Qingming Festival holiday, which starts on Friday this year.
China Railway, the country’s railway operator, said the travel rush would actually span five days, as it started on Thursday. The operator expects 84.5 million passenger trips to be made in total from April 3 to 7, averaging 16.9 million trips daily.
The travel peak during the holiday will be on Friday, it forecasted.
Qingming Festival, or Tomb-Sweeping Day, falls on April 4 this year. It is a traditional Chinese festival for people to pay tribute to the dead and worship their ancestors. The holiday also provides a short break for Chinese citizens as they engage in outdoor activities and sightseeing.
Photo: A train runs on the Nyingchi section of Lhasa-Nyingchi railway in southwest China’s Xizang Autonomous Region, April 1, 2025. (Xinhua/Tenzin Nyida)