Asia
တောင်ကိုရီးယားနိုင်ငံ၏ ပုံမှန်ထက်စော၍ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ပြုလုပ်မည်

ဆိုးလ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို ယခင်သီတင်းပတ်က ရာထူးမှဖယ်ရှားခံရပြီးနောက် ဇွန် ၃ ရက်၌ ပြုလုပ်ရန်ရှိသော ပုံမှန်ထက်စော၍ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ထားကြောင်း ယွန်ဟပ်သတင်းအေဂျင်စီ အပါအဝင် မီဒီယာအများအပြားက ဧပြီ ၇ ရက်တွင် သတင်းဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ဧပြီ ၈ ရက်တွင် ပြုလုပ်ရန်လျာထားသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုမည်ဟု ယွန်ဟပ်၊ Chosun Ilbo ပြည်တွင်းနေ့စဉ်သတင်းစာနှင့် အခြားမီဒီယာများက အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးအား ကိုးကား၍ သတင်းဖော်ပြထားသည်။
အမျိုးသားလွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ထားသောအမှုကို အတည်ပြုရေးအား ဧပြီ ၄ ရက်တွင် အခြေခံဥပဒေခုံရုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းကြောင့် ယွန်းသည် ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည်။
ဥပဒေအရ ယာယီသမ္မတသည် သမ္မတ ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ၁၀ ရက်အတွင်း သတ်မှတ်ပေးရန်နှင့် သမ္မတရာထူးမှဖယ်ရှားခံရပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပုံမှန်သတ်မှတ်ချိန်ထက်စော၍ ရွေးကောက်ပွဲကျင်းပရန် လိုအပ်ကြောင်း သိရသည်။
ယွန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်ညပိုင်းက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့ပြီး နာရီပိုင်းအကြာ၌ အတိုက်အခံများဦးဆောင်သည့် အမျိုးသားလွှတ်တော်က ယင်းအမိန့်အား ပြန်လည်ရုပ်သိမ်းခဲ့သည်။ (Xinhua)
……………………………………..
(English Version)
S. Korea’s snap presidential election expected to be held on June 3: media
SEOUL, April 7 (Xinhua) — South Korea’s snap presidential election was widely expected to be held on June 3 after former President Yoon Suk-yeol’s ouster from office last week, multiple media outlets, including Yonhap news agency, said Monday.
An unidentified government official was quoted by Yonhap, local daily Chosun Ilbo and other media as saying that the date of the election will be confirmed at the scheduled cabinet meeting on Tuesday.
Yoon was removed from office with the constitutional court’s unanimous ruling on Friday to uphold his impeachment motion by the National Assembly.
By law, an acting president is required to designate the date of a presidential election in 10 days and hold the snap election in 60 days after a president’s removal.
Yoon declared an emergency martial law on the night of Dec. 3, 2024, but it was revoked by the opposition-led National Assembly hours later.
Photo: South Korea’s arrested President Yoon Suk-yeol attends the eighth hearing of his impeachment trial at the constitutional court in Seoul, South Korea, Feb. 13, 2025. (SeongJoon Cho/Pool via Xinhua)