Myanmar
၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသည့်ဒေသများသို့ အဓိကထားဖြန့်ဖြူးပေးရန်အတွက် ဘိလပ်မြေတန်ချိန် (၃၀၀၀) ခန့် တင်ဆောင်လာသည့် ရေယာဉ်တစ်စင်းရောက်ရှိ (၂၂/၄/၂၀၂၅-MRTV)
-နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ (၂၂/၄/၂၀၂၅- မြန်မာ့အလင်း)
-ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကျောက်ဆည်စက်မှုနယ်မြေရှိ ဘိလပ်မြေစက်ရုံများအား ကြည့်ရှုစစ်ဆေး (၂၂/၄/၂၀၂၅- မြန်မာ့အလင်း)
-ငလျင်ဒဏ်သင့်နေရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံက နေ့စဉ် တန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ထုတ်လုပ်လျက်ရှိ၊ ရေရှည်ထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်လည်း စီမံဆောင်ရွက်ထားပြီးဖြစ် (၂၂/၄/၂၀၂၅- မြန်မာ့အလင်း)
-ဆင်သေဆည်ရေသောက်စနစ် လက်ဝဲမြောင်းမှ နွေသီးနှံများအတွက် စိုက်ပျိုးရေပြန်လည်ပေးဝေ (၂၂/၄/၂၀၂၅- မြန်မာ့အလင်း)
-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး (၂၂/၄/၂၀၂၅- MOI)
-နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည်မှ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၂၂/၄/၂၀၂၅- MOI)
-ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မန္တလေးငလျင်ဒဏ်ကြီးကြောင့် အင်းလေးဒေသ ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုအပ်သည်များ ဖြည့်စွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ (၂၂/၄/၂၀၂၅- MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ အဆောက်အအုံများနှင့် ဈေးများအတွင်း ဖယ်ရှားရှင်းလင်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး (၂၂/၄/၂၀၂၅- MOI)
-ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ (၂၁/၄/၂၀၂၅- MRTV)
-မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အအုံများရှိ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှာဖွေတွေ့ရှိခဲ့သည့် တန်ဖိုးကြီးပစ္စည်းများနှင့် စာချုပ်စာတမ်းများကို ပိုင်ရှင်အား အပ်နှံခဲ့ (၂၂/၄/၂၀၂၅-MRTV)