China
တရုတ် စီးပွားရေး စကားဝိုင်း ဆွေးနွေးပွဲ/ တရုတ်နိုင်ငံ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ၏ ပထမ သုံးလပတ် လည်ပတ်မှုက ဆန်းသစ်မှုနှင့် တိုးတက်မှု ရှိ

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ လည်ပတ်မှုသည် ဆန်းသစ်မှုနှင့် တိုးတက်မှုရှိခဲ့ရာ နိုင်ငံ့စီးပွားရေး တိုးတက်မှုအတွက် အားကောင်းသည့် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်ရေးဦးစီးဌာန ဒုတိယ အကြီးအကဲ လျိုမင်က ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဧပြီ ၂၄ ရက်တွင် စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။
ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံတစ်ဝန်း အသစ်တည်ထောင်သည့် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီ ၁.၉၇၉ သန်း ရှိရာ ယမန်နှစ် ကာလတူထက် ၇.၁ ရာခိုင်နှုန်း တိုးတက်လာပြီး လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ပျမ်းမျှတိုးတက်မှုနှုန်းကို ကျော်လွန်ခဲ့ကြောင်း၊ ယခုနှစ် မတ်လကုန်အထိ တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီမှာ ၅.၇ သန်း ကျော်ရှိရာ ကုမ္ပဏီလုပ်ငန်း စုစုပေါင်း၏ ၉၂.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြီးနောက် ဗဟိုမှ ဒေသန္တရအထိ မူဝါဒအစီအမံများစွာ ထုတ်ပြန်ကျင့်သုံးခဲ့ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတိုးတက်မှု မြှင့်တင်ရေးကို အားဖြည့်ပေးခဲ့ရာ တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍသည် ပထမ သုံးလပတ်တွင် ဆန်းသစ်မှုနှင့် တိုးတက်မှုများ ရှိခဲ့ကြောင်း လျိုမင်က မိတ်ဆက် ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံ ပုဂ္ဂလိက စီးပွားရေး ဆန်းသစ်ဖွံ့ဖြိုးမှု ရှင်သန်စွမ်းအား အရှိန်မြင့်တက်လာရာ ဉာဏ်ရည်တုကဏ္ဍ တိုးတက်မှုမှာ အရေးပါသော အပြောင်းအလဲဖြစ်ရန် တွန်းအားပေးခဲ့ကြောင်း၊ ပုဂ္ဂလိက စီးပွားဖြစ် အာကာသကဏ္ဍဆိုင်ရာ လုပ်ငန်းများက ဒုံးကျည်၊ ဂြိုဟ်တု သုတေသနပြု ထုတ်လုပ်ခြင်း စသည့် ကဏ္ဍများတွင် ဟန်ချက်ညီညီ ဆန်းသစ်မှု ရှိလာကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းပါဝင်မှု အရေအတွက်များသော စက်မှုလုပ်ငန်းသုံး စက်ရုပ်၊ ဝန်ဆောင်မှုလုပ်ငန်းသုံး စက်ရုပ်၏ ထုတ်ကုန်ပမာဏသည် ယမန်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Vsersion)
中国经济圆桌会|我国民营经济首季运行向新向好
新华社北京4月24日电(记者魏玉坤)新华社24日推出的“中国经济圆桌会”大型全媒体访谈节目中,国家发展改革委民营经济发展局副局长刘民援引一系列数据表示,今年一季度,我国民营经济运行向新向好,对国民经济发展形成有力支撑。
今年一季度,全国新设民营企业197.9万户,同比增长7.1%,超过过去三年平均增速。截至3月底,我国登记在册的民营企业超过5700万户,占企业总量的92.3%。
刘民介绍,今年2月17日民营企业座谈会召开后,从中央到地方密集出台一系列政策措施,加力促进民营经济发展,我国民营经济首季运行向新向好。
刘民表示,今年以来,我国民营经济创新发展活力加快提升,推动人工智能发展取得重要突破,民营商业航天企业在火箭、卫星研发等多领域加快协同创新。民营企业数量占比较高的工业机器人、服务机器人产量同比分别增长26%、20%。
1. 2025年1月9日在位于重庆市渝北区的长安汽车数智工厂总装车间拍摄的即将下线的中国经济圆桌会|我国民营经济首季运行向新向好
新华社北京4月24日电(记者魏玉坤)新华社24日推出的“中国经济圆桌会”大型全媒体访谈节目中,国家发展改革委民营经济发展局副局长刘民援引一系列数据表示,今年一季度,我国民营经济运行向新向好,对国民经济发展形成有力支撑。
今年一季度,全国新设民营企业197.9万户,同比增长7.1%,超过过去三年平均增速。截至3月底,我国登记在册的民营企业超过5700万户,占企业总量的92.3%。
刘民介绍,今年2月17日民营企业座谈会召开后,从中央到地方密集出台一系列政策措施,加力促进民营经济发展,我国民营经济首季运行向新向好。
刘民表示,今年以来,我国民营经济创新发展活力加快提升,推动人工智能发展取得重要突破,民营商业航天企业在火箭、卫星研发等多领域加快协同创新。民营企业数量占比较高的工业机器人、服务机器人产量同比分别增长26%、20%。
1. 2025年1月9日在位于重庆市渝北区的长安汽车数智工厂总装车间拍摄的即将下线的新能源汽车。