Africa & Middle East
အီရန်နိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၈ ဦး သေဆုံးပြီး ၇၅၀ ဦး ဒဏ်ရာရရှိ

တီဟီရန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ တောင်ပိုင်း ဟော်မို့ဇ်ဂန်ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဧပြီ ၂၆ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၇၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အီရန်အစိုးရသတင်းဌာန IRNA ၏ ဖော်ပြချက်အရ သိရသည်။
ရှာဟစ် ရာဂျေး ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူခြောက်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု IRNA က ဆိုသည်။
ထိုပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား သုံးဦးမှာ အသေးစား ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ဘန်ဒါ အဘတ်စ်မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်မြို့တော် ဘန်ဒါ အဘတ်စ် အုပ်ချုပ်ရေးမှူး အာမက် ပူယာဖာက ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ လေထုညစ်ညမ်းမှုတို့ကြောင့် ဧပြီ ၂၇ ရက်၌ မြို့အနှံ့အပြားရှိ သင်ကြားရေးစင်တာ အားလုံးကို ပိတ်ထားမည်ဟု ကြေညာခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် ဇာဖရီက ထိုဆိပ်ကမ်းရှိ ကုန်သေတ္တာတစ်ခုအတွင်းမှ ဓာတုပစ္စည်းများကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်နေသည့် Fars သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုစဉ် အီရန်အစိုးရ ပြောခွင့်ရအမျိုးသမီး ဖာတီမာ မိုဟာဂျာရာနီက သက်ဆိုင်ရာ အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးမီတွင် ထိုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းရင်းကို အလျင်စလို ထင်ကြေးပေးပြောဆိုခြင်း မပြုကြရန် သတိပေးခဲ့သည်။
ယင်းဆိပ်ကမ်း၏ ချောင်ကျသော နေရာတစ်နေရာ၌ ဓာတုပစ္စည်းများ ပါဝင်ဖွယ်ရှိသည့် ကုန်သေတ္တာများ ရှိနေသည်ဟူသော အချက်ကိုသာ လက်ရှိအချိန်ထိ အတည်ပြုနိုင်ဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ အလျင်အမြန်တုံ့ပြန်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကာ ယင်းဆိပ်ကမ်း၏ လည်ပတ်လှုပ်ရှားမှု မှန်သမျှကို ရပ်ဆိုင်းထားကြောင်း၊ ဒဏ်ရာရရှိသူ ဦးရေမှာလည်း ထပ်မံတိုးလာနိုင်ကြောင်း အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်နေသည့် Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3as

အီရန်နိုင်ငံ ဟော်မို့ဇ်ဂန်ပြည်နယ် ဘန်ဒါ အဘတ်စ်မြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာ၌ ဒဏ်ရာရသူတစ်ဦးအား ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းကယ်ဆယ်နေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Islamic Republic of Iran News Agency/Handout via Xinhua)
………………….
(English Version)
At least 8 killed, 750 wounded in blast at southern Iranian port
TEHRAN, April 26 (Xinhua) — At least 8 people were killed and 750 others injured in a huge explosion that occurred on Saturday at a port in Iran’s southern province of Hormozgan, the official news agency IRNA reported.
Six people went missing in the incident that occurred at the Port of Shahid Rajaee, according to IRNA.
According to China’s Consulate General in Bandar Abbas, three Chinese citizens sustained minor injuries in the explosion. They are now in good condition after receiving medical treatment.
Ahmad Pouyafar, governor of the provincial capital Bandar Abbas, announced that all educational centers across the city would be closed on Sunday due to the explosion and consequent air pollution.
Hossein Zafari, spokesperson for the National Disaster Management Organization, told the semi-official Fars news agency that chemical materials in a container at the port caused the blast.
Meanwhile, the Iranian government’s spokeswoman, Fatemeh Mohajerani, warned against any “hasty speculations” about the cause of the incident before relevant authorities complete the investigations.
She added that what had been confirmed so far was that there were containers, probably with chemical materials, at a corner of the port.
Rapid reaction and rescue teams have been dispatched to the scene, and all port activities have been suspended, the semi-official Tasnim news agency reported, adding that the number of injured is likely to increase. xhtxs.cn/3as
English Caption 1
This photo shows the explosion site in Bandar Abbas of Hormozgan province, Iran, April 26, 2025. (Islamic Republic of Iran News Agency/Handout via Xinhua)
English Caption 2
Rescuers transfer an injured person at the explosion site in Bandar Abbas of Hormozgan province, Iran, April 26, 2025. (Islamic Republic of Iran News Agency/Handout via Xinhua)