Connect with us

China

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးကို မေလတွင် ပေကျင်း၌ ကျင်းပမည်

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
“ဒစ်ဂျစ်တယ်ဉာဏ်ရည်ခေတ်ကို ထွေးပွေ့ကာ အတူလက်တွဲခြင်းဖြင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မည်” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးကို မေ ၂၂ ရက်တွင် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပမည်ဖြစ်သည်။
တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က ဧပြီ ၂၈ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ သတင်းထောက်က အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးကို ဖွင့်ပွဲအခမ်းအနား၊ မျက်နှာစုံညီအစည်းအဝေးနှင့် ပြိုင်တူကျင်းပမည့် ဖိုရမ် ၃ ခု စီစဉ်ထားပြီး ယင်းအနက် မျက်နှာစုံညီအစည်းအဝေး၏ ဆွေးနွေးမည့်ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ်ဉာဏ်ရည်ဖြင့် ပိုမိုလုံခြုံမှု၊ တည်ငြိမ်မှု၊ ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိသော ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အတူတကွတည်ဆောက်ရန်” ဖြစ်ပြီး ပြိုင်တူကျင်းပမည့် ဖိုရမ်များတွင် “ဒစ်ဂျစ်တယ်ဉာဏ်ရည် မောင်းနှင်မှုဖြင့် ပွင့်လင်းမျှတမှုရှိသော ဆန်းသစ်တီထွင်မှုပတ်ဝန်းကျင်ဖန်တီးခြင်း”၊ “ဒစ်ဂျစ်တယ်ဉာဏ်ရည်ခေတ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး” စသည့်အကြောင်းအရာများကို နက်နက်နဲနဲ ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်ဖိန်က မိတ်ဆက်ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါ ထိပ်စည်းအစည်းအဝေးတွင် “၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးဆိုင်ရာ ပေကျင်း အဆိုပြုချက်” ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သည်စက်မှုနယ်ပယ်အနေဖြင့် ပုံစံအသစ်၊ ကဏ္ဍအသစ် ပူးပေါင်းဆောင်ရွက်မှုများကို အတူလက်တွဲရှာဖွေရန် အဆိုပြုကာ ပိုမို အားကောင်းခိုင်မာသော၊ အစိမ်းရောင်ဖြစ်သော၊ ကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို တွန်အားပေမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးကို ၂၀၂၂ ခုနှစ်က စတင်တည်ထောင် ကျင်းပခဲ့ချိန်မှစ၍ သုံးကြိမ် ဆက်တိုက် ကျင်းပခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သည်စက်မှုနယ်ပယ်အတွက် ဆွေးနွေးဖလှယ်ရေး၊ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရေး၊ ပူးပေါင်းဆောင်ရွက်မှု အတူတကွ ကြိုးပမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု အတူတကွ ဆွေးနွေးရေးအတွက် အရေးပါသော ယန္တရားအသွင် ပလက်ဖောင်း တဖြည်းဖြည်း ဖြစ်လာခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
2025年全球贸易投资促进峰会将于5月在京举办
新华社北京4月28日电(记者邹多为)以“拥抱数智时代,携手共同发展”为主题,由中国贸促会主办的2025年全球贸易投资促进峰会将于5月22日在北京钓鱼台国宾馆举办。
中国贸促会28日召开例行新闻发布会,这是记者从会上了解到的。
中国贸促会新闻发言人赵萍介绍,今年的全球贸易投资促进峰会将设置开幕式、全体会议以及3场平行论坛,其中,全体会议议题为“数智赋能,共建更加安全稳定开放合作的全球产业链供应链”,平行论坛将围绕“数智驱动,营造开放公平的创新生态”“数智时代的全球贸易投资合作”等议题深入探讨。此外,峰会还将发布《2025年全球贸易投资促进峰会北京倡议》,倡议全球工商界携手探索新形式新领域合作,推动实现更加强劲、绿色、健康的全球发展。
全球贸易投资促进峰会自2022年创办以来,已经连续举办三届,逐渐成为全球工商界对话交流、深化互信、共谋合作、共话发展的重要机制性平台。(完)