Connect with us

Social

ချင်းပြည်နယ်တွင် နှစ်နှစ်အတွင်း ခရီးသည် ဝင်ရောက်မှု နှစ်ဆခန့် တိုးတက်

ချင်းပြည်နယ် ဟားခါးမြို့ ရှု့ခင်းအား တွေ့ရစဉ်(ဓာတ်ပုံ-moi)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုသည် နှစ်နှစ်တာအတွင်း နှစ်ဆခန့် တိုးတက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၅၂၅၁ ဦးနှင့် ပြည်ပခရီးသွား ၁၇၆၁ ဦးရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၁၀၄၇ ဦးနှင့် ပြည်ပခရီးသွား ၂၄၅၄ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်သည် ဧရိယာစတုရန်းမိုင် ၁၃၉၀၇ မိုင် ကျယ်ဝန်းကာ ကန်ပက်လက်၊ မတူပီ်၊ ပလက်ဝ၊ မင်းတပ်၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ဟားခါးဟူသည့် မြို့နယ် ကိုးမြို့နယ်နှင့် ရိခေါဒါရ်၊ ရေဇွာ၊ ကျီခါး၊ ခိုင်ကမ်း၊ နှာရိန်၊ မကွီးအိမ်နူး စသည့်မြို့များအပါအဝင် မြို့ ၁၅ မြို့ဖြင့် ဖွဲ့စည်း ထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြည်နယ်နှင့် ကိုက်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး စသည့် ဦးစားပေး လုပ်ငန်းသုံးခုကို ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117