Connect with us

Africa & Middle East

ဂါဇာထိုးစစ်မှာ ပြင်းထန်မည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး၊ သဘောတူညီချက်ရယူရန် တံခါးဖွင့်ထားဆဲဖြစ်ဟု အစ္စရေး အကြီးတန်းတာဝန်ရှိသူများ ဆို

ဂါဇာစီးတီးတွင် အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဂါဇာ၊ မေ ၆ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုအသစ်မှာ ပြင်းထန်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက မေ ၅ ရက်၌ သတိပေးခဲ့ပြီး ဂါဇာတွင် ဆင်နွှဲနေသော စစ်ဆင်ရေးကို အရှိန်မြှင့်တင်ရန် ၎င်း၏ လုံခြုံရေးအစိုးရအဖွဲ့က အတည်ပြုခဲ့သည့် စီမံချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။
အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က ယင်းစီမံချက်အား ညတွင်းချင်း မဲခွဲအတည်ပြုခဲ့ရာ အစ္စရေးအနေဖြင့် ထိုစီမံချက်အရ ဂါဇာဒေသအား သိမ်းယူရေး၊ အကူအညီများကို ထိန်းချုပ်ရေး၊ ဂါဇာဒေသခံများကို တောင်ပိုင်းသို့ နေရာရွှေ့ပြောင်းရေးအတွက် ထိုးစစ်ဆင်မှုများကို တိုးချဲ့သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ဟာ ဂါဇာဒေသထဲ ကျူးကျော်ဝင်ရောက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့အဆင့်မှာ ရှိနေတယ်” ဟု နေတန်ယာဟုက X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ ဗီဒီယိုပို့စ်တစ်ခု တင်ခဲ့ပြီး စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ဟားမက်စ်အဖွဲ့ကို ချေမှုန်းရေး၊ ဤစစ်ရေးလှုပ်ရှားမှုမှာ ဓားစာခံများ လွတ်မြောက်ရန် သေချာစေရေးအတွက်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုစီမံချက်အရ အစ္စရေးအနေဖြင့် ၎င်းတို့၏ လက်ရှိမဟာဗျူဟာကို အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကာ ဟားမက်စ်အဖွဲ့၏ စစ်ရေးစွမ်းရည်များကို ဖြိုခွင်းပြီးနောက် တပ်များရုပ်သိမ်းခြင်း မပြုတော့ဘဲ သိမ်းပိုက်ခံ ဂါဇာဒေသကို ဆက်လက်ထိန်းချုပ်ထားမည်ဟု ၎င်းက ပြောသည်။
သို့သော် အဆိုပါ ထိုးစစ်စီမံချက်သစ်နှင့် စပ်လျဉ်း၍ အစ္စရေးစစ်တပ်၏ အဆင့်မြင့်အရာရှိကြီးများကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုစစ်ဆင်ရေးသစ်ကြောင့် ဓားစာခံများအဖို့ အသက်အန္တရာယ်ရှိလာနိုင်သည်ဟု အစ္စရေးစစ်တပ်က သုံးသပ်ထားကြောင်း မေ ၅ ရက် အစောပိုင်းကပြုလုပ်သည့် လုံခြုံရေးအစိုးရအဖွဲ့ အစည်းအဝေး၌ အစ္စရေးစစ်တပ် အကြီးအကဲ အိုင်ယာ ဇာမီယာက အစိုးရဝန်ကြီးများကို ပြောကြားခဲ့သည်ဟု အစ္စရေး နိုင်ငံပိုင်ရုပ်သံ Kan TV News က ဖော်ပြခဲ့သည်။
အစ္စရေး အကြီးတန်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးကမူ လတ်တလော အတည်ပြုထားသော စစ်ဆင်ရေးစီမံချက်ကို အကောင်အထည်မဖော်မီ ဓားစာခံအရေးနှင့် ပတ်သက်၍ သဘောတူညီမှုရယူရန် ဟားမက်စ်အဖွဲ့အား မေလလယ်အထိ အခွင့်အရေးပေးထားသည်ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်မပြီးဆုံးခင်မှာ ဓားစာခံတွေအတွက် သဘောတူညီမှုရဖို့ အခွင့်အလမ်းတစ်ခု ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ ထရမ့်အနေဖြင့် မေ ၁၃ ရက်မှ ၁၆ ရက်အထိ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ဖွယ်ရှိပြီး ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က သတင်းထောက်များကို ပြောကြားထားသည်။(Reposted from Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3mQ

ဂျေရုဆလမ်မြို့ရှိ အစ္စရေးဝန်ကြီးချုပ်ရုံးအနီး စုဝေးဆန္ဒပြပွဲတွင် ပါဝင်သူများကို ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂျဘာလီယာ ဒုက္ခသည်စခန်းအား အစ္စရေး၏ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီးနောက် အသက်ရှင်သူများကို ရှာဖွေနေသည့် ပါလက်စတိုင်း ပြည်သူများကို ၂၀၂၅ ခုနှစ် မေ ၂ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
Israeli PM warns of “intensive” Gaza offensive, with senior official saying window still open for deal
JERUSALEM/GAZA, May 5 (Xinhua) — Israeli Prime Minister Benjamin Netanyahu warned on Monday that the country’s new offensive in the Gaza Strip would be “intensive,” referring to a plan approved by his security cabinet on escalating the ongoing campaign in Gaza.
The security cabinet voted overnight in favor of the plan, under which Israel would expand the offensive to seize Gaza, control aid, and relocate the population to the south of the enclave.
“We are on the eve of an intensified incursion into Gaza,” Netanyahu said in a video posted on social media platform X, adding that the goals of the operation are to “defeat Hamas and, in the process, secure the release of the hostages.”
He noted that under the plan, Israel would shift its current strategy, moving from withdrawal after destroying Hamas’ military capabilities to retaining control over seized Gaza territory.
However, the new offensive plan has sparked controversy among the senior ranks of the Israeli military.
Israel’s military chief Eyal Zamir told ministers during a security cabinet meeting early on Monday that, according to the army’s assessment, the new operation “would endanger the lives of the hostages,” Israel’s state-owned Kan TV News reported.
Earlier in the day, a senior Israeli security official told Xinhua that Israel has given Hamas a “window of opportunity” until mid-May to reach a hostage deal before implementing the newly approved operation plan.
“There is a window of opportunity to reach a hostage deal … before the conclusion of U.S. President (Donald) Trump’s visit to the region,” he said. Trump is expected to tour the Middle East from May 13 to 16, with planned stops in Saudi Arabia, Qatar, and the United Arab Emirates, White House Press Secretary Karoline Leavitt told reporters. xhtxs.cn/3mQ
English Caption 1
Smoke rises following an Israeli airstrike in Gaza City, on April 25, 2025. (Photo by Mahmoud Zaki/Xinhua)
English Caption 2
People attend a rally near the Israeli Prime Minister’s Office in Jerusalem, March 19, 2025 (Xinhua/Chen Junqing)
English Caption 3
Palestinians search for survivors after an Israeli shelling in Jabalia refugee camp, northern Gaza Strip, on May 2, 2025. (Photo by Rizek Abdeljawad/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.