Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၆ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ (၆/၅/၂၀၂၅-MRTV)

-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ (၆/၅/၂၀၂၅-MRTV)

-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန် (၆/၅/၂၀၂၅-MRTV)

-မြန်မာ့ရိုးရာပန်း (၁၀)မျိုး အထိမ်းအမှတ် Block Stamp အထူးထုတ် (၂၀၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ရန်ကုန်စာတိုက်ကြီးတွင် ရောင်းချပေးခဲ့ (၆/၅/၂၀၂၅-MRTV)

-ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး မန္တလေးငလျင်ဒဏ်ကြောင့် ဝန်ထမ်းမိသားစုများ ဘာရှာအဆောက်အအုံအတွင်း ယာယီပြောင်းရွှေ့နေထိုင်နေမှု ကြည့်ရှုစစ်ဆေး (၆/၅/၂၀၂၅-MOI)

-သဘာဝဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြန်လည်သင်ကြားပေးခြင်းကို ကြိုးစားသင်ယူကြစေလို (၆/၅/၂၀၂၅-MOI)

-ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာနေထိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး (၆/၅/၂၀၂၅-MOI)

-ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချ (၆/၅/၂၀၂၅-MOI)

-နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ (၆/၅/၂၀၂၅-MOI)