China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တွေ့ဆုံဆွေးနွေး

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် ဒေသစံတော်ချိန် မေ ၈ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က သမ္မတ ပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ခရီးစဉ်ထပ်မံလာရောက်ပြီး ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရခြင်းအပေါ် အလွန် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ရုရှားဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နက်ရှိုင်းရေးသည် နှစ်နိုင်ငံပြည်သူများ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုအား ဆက်ခံရာတွင် ရှိသင့်သည့်အနှစ်သာရဖြစ်ပြီး နှစ်ဖက် အပြန်အလှန် အောင်မြင် ဖြစ်ထွန်းစေခြင်း၊ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ခြင်း၏ မုချမသွေ ရွေးချယ်မှု ဖြစ်သလို နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး တွန်းအားပေးခြင်း၏ ခေတ်ကာလတောင်းဆိုသံလည်း ဖြစ်ကြောင်းကို သမိုင်းနှင့် လက်တွေ့က အပြည့်အဝ သက်သေပြလျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၊ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်-ရုရှား နှစ်နိုင်ငံပြည်သူများသည်အလွန်ကြီးမားလှသော ပေးဆပ်မှုများဖြင့် ကြီးမားလှသည့် အောင်မြင်မှုကို ရရှိခဲ့ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းကာကွယ်ရေးနှင့် လူသားမျိုးနွယ် တိုးတက်ရေးလုပ်ငန်းအတွက် ရာဇဝင်တွင်သည့် သမိုင်း၏အကျိုးကို ထမ်းဆောင်ခဲ့ကြကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာ၌ တစ်ဖက်သတ်ဝါဒ ဟူသော ခေတ်နောက်ပြန်လှည့်မှုနှင့် အင်အားသုံး ဗိုလ်ကျ အနိုင်ကျင့်မှုလုပ်ရပ်များကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အထူးတာဝန်ကို ပခုံးထက်တွင်တင်လျက် မဆုတ်မရွံ့ ဝာာဝန်ထမ်းဆောင်ကာ မှန်ကန်သည့် ဒုတိယကမ္ဘာစစ်အမြင်ကို အတူတကွ မြှင့်တင်သွားမည် ဖြစ်သလို ကုလသမဂ္ဂ၏ ဩဇာသက်ရောက်မှုနှင့် အနေအထားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံနှင့် ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ တန်းတူညီမျှ၍ စနစ်ကျသည့် ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းရေး၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းရေးကို လက်တွဲအတူ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ ဒေသစံတော်ချိန် မေ ၈ ရက် နံနက်ပိုင်းက မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
————–
(Chinese Version)
习近平同俄罗斯总统普京举行会谈
新华社莫斯科5月8日电(记者缪晓娟 包诺敏)当地时间5月8日上午,俄罗斯总统普京同中国国家主席习近平在莫斯科克里姆林宫举行会谈。
习近平表示,很高兴应普京总统邀请再次访问俄罗斯并出席纪念苏联伟大卫国战争胜利80周年庆典。
习近平指出,历史和现实充分证明,持续发展和深化中俄关系,是传承两国人民世代友好的应有之义,是双方彼此成就、促进各自发展振兴的必然选择,也是捍卫国际公平正义、推进全球治理体系改革的时代呼唤。
习近平指出,今年是中国人民抗日战争、苏联伟大卫国战争暨世界反法西斯战争胜利80周年。80年前,中俄两国人民付出巨大牺牲,赢得伟大胜利,为维护世界和平和人类进步事业作出彪炳史册的历史贡献。
当前,面对国际上的单边主义逆流和强权霸凌行径,中方将同俄方一道,肩负起作为世界大国和联合国安理会常任理事国的特殊责任,挺膺担当,共同弘扬正确二战史观,维护联合国权威和地位,坚决捍卫中俄两国及广大发展中国家权益,携手推动平等有序的世界多极化、普惠包容的经济全球化。
1. 当地时间5月8日上午,俄罗斯总统普京同中国国家主席习近平在莫斯科克里姆林宫举行会谈。