Connect with us

Myanmar

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဘိန်းဖြူ ၁၃ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊မေ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဘိန်းဖြူ ၁၃ ကီလိုဂရမ်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း မေ ၉ ရက်က မော်တော်ယာဉ်တစ်စီးအား ရှာဖွေခဲ့ရာ ဘိန်းဖြူ အလေးချိန် ၁၃.၅၆၃ ကီလိုဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃,၃၉၀.၇၅ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၂၄ ကီလိုဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၄၈၈ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ သံသယရှိသူလေးဦးကို ဖမ်းဆီးထားကြောင်း ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)