Myanmar
၂၀၂၅ ခုနှစ် မေ ၁၅ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် ရေလှောင်တမံနှင့် ရေအားအဆောက်အအုံများ ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုနှင့် နည်းပညာဆိုင်ရာညှိနှိုင်းအစည်းအဝေး ကျင်းပ(၁၅/၅/၂၀၂၅-MOI)
-ဒုတိယဝန်ကြီး ဦးထိန်လင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ရန်ကုန်မြင်းစီးအသင်းတို့နှင့် တွေ့ဆုံ (၁၅/၅/၂၀၂၅-MOI)
-ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းများ ဆောင်ရွက် (၁၅/၅/၂၀၂၅-MOI)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ မြန်မာ – ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း (၁၅/၅/၂၀၂၅-MOI)
-ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာပြီး အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ပြုလုပ် (၁၅/၅/၂၀၂၅-MOI)
-အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ (၁၅/၅/၂၀၂၅-MOI)
-ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး Container House များ တပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ ကြည့်ရှုစစ်ဆေး (၁၅/၅/၂၀၂၅-MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်များ ပေးအပ် (၁၅/၅/၂၀၂၅-MOI)
-တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၄) ကြိမ်မြောက် လှူဒါန်းသည့် Operation Room ၉၅ လုံးနှင့် Modular (prefabricated) house ၁၈၀၄ လုံးတို့ကို လွှဲပြောင်းလက်ခံ (၁၅/၅/၂၀၂၅-MOI)
-စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းဒေသတွင် လက်ဖက်စိုက်ဧက ၉၄၀၀ ကျော်ရှိပြီး စပါးနှင့် လက်ဖက်ဝင်ငွေ နှစ်မျိုးရရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ ကူညီပေးလျက်ရှိ (၁၅/၅/၂၀၂၅-MRTV)
-၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန်တစ်သိန်းကျော် တင်ပို့နိုင်ခဲ့ (၁၅/၅/၂၀၂၅-MRTV)