Connect with us

Media

ဘက်တံမကောင်းသည့် ပြဿနာနှင့် ကြုံခဲ့ရသော်လည်း စားပွဲတင်တင်းနစ်သမား ဝမ်ချူချင်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့

မေ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပွဲစဉ်တွင် တရုတ်ကစားသမား ဝမ်ချူချင်းမှာ ဘက်တံမကောင်းသည့် ပြဿနာနှင့် ကြုံခဲ့ရသော်လည်း အသစ်လဲ၍ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအဆင့် ပွဲစဉ်အား အသင်းဖော် စွန်းရင်ဆားနှင့်အတူ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။
တရုတ်ကစားသမားနှစ်ဦးအနေဖြင့် ဘရာဇီးအသင်းမှ ဟူဂို ကယ်ဒရာနို၊ ဘရူနာ တာဟာဟာရှိတို့နှင့် မယှဉ်ပြိုင်မီ မိနစ်ပိုင်းအလို၌ ဝမ်၏ဘက်တံမှ ရော်ဘာအပိုင်းအစအချို့ ကွာကျနေသည်ကို တွေ့ရှိခဲ့သဖြင့် နည်းပြဖြစ်သူ Xiao Zhan က ဝမ်၏ဘက်တံအား တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ရာ အဆိုပါဘက်တံအား ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စီးအောင် လုပ်ဆောင်ထားခြင်းမရှိဟု ဒိုင်ဖြစ်သူက ပြန်လည်ဖြေကြားခဲ့ပြီး ဝမ်အား အပိုဘက်တံအသုံးပြု၍ ပြိုင်ပွဲဝင်ခွင့်ပြုခဲ့သည်။
မေ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်၌ အိုလံပစ်ရွှေတံဆိပ်ဆုရှင်များဖြစ်သလို ထိုပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်ကာကွယ်ထားသည့် လက်ရှိချန်ပီယံများက ကမ္ဘာ့ဖလားချန်ပီယံဖြစ်သည့် ကယ်ဒရာနိုနှင့် ၎င်း၏ချစ်သူ တာဟာဟာရှိတို့အား ၁၁-၂၊ ၁၁-၇၊ ၁၁-၄ မှတ်ဖြင့် အနိုင်ယူခဲ့သည်။ (Xinhua)
……………………………….
(English Version)
Wang shrugs off racket problem to advance with Sun in mixed doubles
Wang Chuqin changed his racket after his “weapon” was allegedly mishandled and went on to win a mixed doubles second round game with Sun Yingsha at the world table tennis championships here on Monday.
Minutes before the Chinese duo took on the Brazilian team of Hugo Calderano and Bruna Takahashi, Wang found part of rubber came off the blade and Chinese coach Xiao Zhan questioned the umpire if anyone had mishandled Wang’s racket. The umpire answered that no one had intentionally torn the rubber and allowed Wang to use his backup racket.
Monday’s game went well as the Olympic gold medalists and two-time defending world champions for the event cruised over World Cup holder Calderano and his girlfriend 11-2, 11-7, 11-4.