Connect with us

China

ဥရောပအနေဖြင့် ရုရှားနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် စံနှုန်းနှစ်မျိုးထားခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား မေ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
ဥရောပဘက်၏ တရုတ်ကုမ္ပဏီလုပ်ငန်းများအပေါ် မလျော်ကန်စွာ ပိတ်ဆို့အရေးယူမှုများအား တရုတ်နိုင်ငံအနေဖြင့် အပြင်းအထန် ကျေနပ်မှုမရှိသလို အခိုင်အမာ ကန့်ကွက်ကြောင်း၊ ဥရောပအနေဖြင့် ရုရှားနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စံနှုန်းနှစ်မျိုးထားခြင်းကို ရပ်တန့်သင့်သလို တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်အကျိုးစီးပွားအပေါ် ထိခိုက်နစ်နာအောင်ဆောင်ရွက်မှုအား ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့က ရုရှားအပေါ် အသစ်တစ်ဖန် အရေးယူပိတ်ဆို့မှုတွေ ဖော်ဆောင်မယ်လို့ မေ ၂၀ ရက်က အသီးသီးကြေညာခဲ့ကြပြီး အဲဒီမှာ ရုရှားရဲ့ စွမ်းအင်၊ စစ်ရေးနဲ့ ဘဏ္ဍာရေးစတဲ့ ကဏ္ဍတွေကို အဓိကထား ပစ်မှတ်ထားခဲ့တယ်။ ဒီတစ်ခါမှာ တရုတ်နဲ့ ယူအေအီးကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူမှုနာမည်စာရင်းမှာ ထည့်သွင်းခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမှတ်ချက်များပေးလိုပါသလဲ။ ဥရောပသမဂ္ဂရဲ့ ဒီလိုလုပ်ရပ်က ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြှင့်တင်နိုင်ပါသလား” ဟူ၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေအထောက်အထားများ မရှိသော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရထားခြင်းမရှိသော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို အစဉ်အမြဲ ကန့်ကွက်ကြောင်း၊ ဥရောပဘက်၏ တရုတ်ကုမ္ပဏီလုပ်ငန်းများအပေါ် မလျော်ကန်စွာ ပိတ်ဆို့အရေးယူမှုများအား တရုတ်နိုင်ငံအနေဖြင့် အပြင်းအထန် ကျေနပ်မှုမရှိသလို အခိုင်အမာ ကန့်ကွက်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ကိစ္စရပ်အပေါ် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို မြှင့်တင်ရန် အစဉ်အမြဲ အားထားဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခဖြစ်ပွားနေသည့်ဘက်များအား သေစေနိုင်သော လက်နက်များ မည်သည့်အခါကမျှ ပံ့ပိုးခြင်းမရှိခဲ့ကြောင်း၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ဥရောပ၊ အမေရိကန်အပါအဝင် နိုင်ငံအများစုသည် ရုရှားနှင့် ကုန်သွယ်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်-ရုရှား ကုမ္ပဏီလုပ်ငန်းများအကြား ပုံမှန် ကူးလူးပူးပေါင်းဆောင်ရွက်မှုမှာ နှောင့်ယှက်မှု၊ ထိခိုက်မှု မရှိသင့်ကြောင်း၊ ဥရောပအနေဖြင့် ရုရှားနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စံနှုန်းနှစ်မျိုးထားခြင်းကို ရပ်တန့်သင့်ကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်အကျိုးစီးပွားများအား ထိခိုက်ခြင်းကို ရပ်တန့်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်သော အစီအမံများ ပြုလုပ်ကာ မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
………………………………..
(Chinese Version)
外交部:欧方应当停止在对俄经贸合作问题上搞双重标准
新华社北京5月21日电(记者刘杨、袁睿)外交部发言人毛宁21日表示,中方对欧方无理制裁中国企业表示强烈不满、坚决反对。欧方应当停止在对俄经贸合作问题上搞双重标准,停止损害中国企业的合法利益。
当日例行记者会上,有记者问:欧盟和英国20日分别宣布对俄罗斯实施新一轮制裁,重点针对俄罗斯能源、军事和金融等领域。这次中国和阿联酋公司也被列入制裁名单。请问外交部对此有何评论?欧盟的这种做法是否能促进俄乌和谈?
毛宁表示,中方一贯反对没有国际法依据、未经联合国安理会授权的单边制裁,对欧方无理制裁中国企业表示强烈不满、坚决反对。在乌克兰危机问题上,中方始终致力于劝和促谈,从未向冲突方提供致命性武器,严格管控军民两用物项出口。当前,包括欧美在内的大多数国家都在同俄罗斯开展贸易。中俄企业正常交往合作不应当受到干扰和影响。欧方应当停止在对俄经贸合作问题上搞双重标准,停止损害中国企业合法利益。中方将采取必要措施,坚决维护自身正当权益。(完)