Connect with us

Media

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး လူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄ မိုင်၊ ၃ ဖာလုံနှင့် ၄ ဖာလုံကြား)တွင် Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၆ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့(ဇွန် ၂ ရက်) မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် ယနေ့ (ဇွန် ၂ရက်) နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ခဲ့ကြောင်း သိရသည်။

“မိုးများချိန် ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်တာဖြစ်မယ်၊ မှောက်သွားတဲ့ ကားဘက်ခြမ်းမှာ လူတွေအကုန် ပိကုန်တယ်၊ လူကို အရင် ဝင်ထုတ်မရဘူး၊ ကားကို ပြန်ထောင်ပြီး လူတွေ ပြန်ထုတ်ရတယ်” ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီလူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117