Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်တာမိုင်ယာမီအသင်းကို ဦးဆောင်ရန် စိတ်အားထက်သန်နေဟု မက်ဆီ ပြော
အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ထားရှိသော ၎င်း၏မျှော်လင့်ချက်များမှာ ကလပ်အသင်းဟောင်း ဘာစီလိုနာနှင့်အတူ ပါဝင်ကစားခဲ့သည့် ယခင်ပြိုင်ပွဲများနှင့် မတူကွဲပြားလျက်ရှိကြောင်း အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့သည်။
မက်ဆီမှာ ၂၀၀၉ ခုနှစ်၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အဆိုပါပြိုင်ပွဲ၌ ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ဇွန် ၁၄ ရက်၌ စတင်မည့် ယခုနှစ်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း ၃၂ သင်းအထိ တိုးမြှင့်ထားသော စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ အမေရိကန်ရှိ မြို့ ကြီး ၁၁ မြို့၌ သီတင်းပတ်လေးပတ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။
“အဲဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာက စိတ်လှုပ်ရှားစရာပါပဲ” ဟု မက်ဆီက ဇွန် ၁၃ ရက်၌ ဖီဖာသို့ ပြောကြားခဲ့သည်။ “အခုတစ်ကြိမ်က ကျွန်တော် တခြားအသင်းတွေအတွက် ပါဝင်ကစားခဲ့တုန်းကနဲ့ မျှော်လင့်ချက်ချင်း မတူပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်အားထက်သန်နေပြီး အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
အင်တာမိုင်ယာမီအသင်းမှာ ဇွန် ၁၄ ရက်တွင် မိုင်ယာမီမြို့ရှိ ဟာ့ဒ်ရော့ခ် အားကစားကွင်း၌ အယ်လ်အာလီအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အုပ်စုအဆင့်၌ ပါလ်မီးရက်စ်၊ ပေါ်တိုအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဖီဖာ၏ ဘောလုံးအဖွဲ့ချုပ် ခြောက်ခုမှ အသင်းများ ပါဝင်မည်ဖြစ်ရာ ကစားသမားများနှင့် ပရိသတ်များအတွက် တစ်မူထူးခြားသော အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဟု မက်ဆီက ဆိုသည်။
…..
— မန်စီးတီးအသင်းမှ ထွက်ခွာခဲ့သည့် ဒီဘရိုင်းနား နာပိုလီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ
မန်ချက်စတာစီးတီးအသင်း၌ ၁၀ နှစ်ကြာ ကစားခဲ့သည့် ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနားမှာ အီတလီစီးရီးအေကလပ် နာပိုလီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ကြောင်း နာပိုလီအသင်းက ဇွန် ၁၂ ရက်၌ အတည်ပြုခဲ့သည်။
ဒီဘရိုင်းနားအနေဖြင့် ၂၀၁၅ ခုနှစ် နွေရာသီ၌ ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘယ်လ်ဂျီယမ် ကွင်းလယ်လူမှာ မန်စီးတီးအသင်း၌ ဘောလုံးရာသီ ၁၀ ခုကြာ ကစားခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဆုဖလား ခြောက်ကြိမ်၊ လိဂ်ဖလား ငါးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ရန် ကူညီစွမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၄၂၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၀၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၁၇၀ ပြုလုပ်နိုင်ခဲ့သည်။
အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းနားနှင့် မန်စီးတီးအသင်းကြား သဘောတူစာချုပ်မှာ ယခုနွေရာသီ၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ဆော်ဒီအာရေဗျနှင့် မေဂျာလိဂ်ကလပ်အသင်းများထံမှ မက်မောလောက်စရာ ကမ်းလှမ်းမှုများ ရရှိခဲ့သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သော ဥရောပရပ်ဝန်း၌သာ ဆက်လက်အခြေချရန် ၎င်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီ၌ အင်တာမီလန်အား နှာတစ်ဖျားအသာဖြင့် စီးရီးအေဆုဖလားကို လေးကြိမ်မြောက်ကိုင်မြှောက်နိုင်ခဲ့ပြီး ဒီဘရိုင်းနားအနေဖြင့် နာပိုလီအသင်း၌ ဘယ်လ်ဂျီယမ်လက်ရွေးအသင်းဖော် ရိုမီလူ လူကာကူနှင့် ပြန်လည်တွဲဖက်ကစားမည်ဖြစ်သည်။
…..
— နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ် အလုံးအရင်းအသုံးပြုနေသည့် ရီးရဲလ်မက်ဒရစ်က ရေးဗားပလိတ်ကြယ်ပွင့် မာစတန်တူနိုကို ထပ်မံခေါ်ယူ
အာဂျင်တီးနား ဆယ်ကျော်သက်ကြယ်ပွင့် ဖရန်ကို မာစတန်တူနိုအား ရေးဗားပလိတ်အသင်းထံမှ ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က အတည်ပြုကြေညာခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် အခြား ဥရောပအသင်းကြီးများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်၍ အဆိုပါ အသက် ၁၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မာစတန်တူနိုမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရခဲ့သည့် အသက်အငယ်ဆုံး ကစားသမားဖြစ်သည်။
အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမားအနေဖြင့် ခြောက်နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကာ ရေးဗားပလိတ်အသင်းနှင့် ကလပ်ကမ္ဘာ့ဖလားတွင် ပါဝင်ကစားပြီးနောက် ဩဂုတ်လ၌ ရီးရဲလ်မက်ဒရစ်နှင့် ပူးပေါင်းမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် အဆိုပါ ကစားသမားအတွက် ပြောင်းရွှေ့ကြေးပမာဏ စုစုပေါင်း ယူရို ၆၃.၂ သန်း (ဒေါ်လာ ၇၂.၆ သန်း) ပေးချေရမည်ဖြစ်ကြောင်း ရေးဗားပလိတ်၏ ဝက်ဘ်ဆိုက်၌ အသေးစိတ်ဖော်ပြထားသည်။
…..
— အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန် မြက်ခင်းကွင်း ပြိုင်ပွဲအမျိုးအစားတွင် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ရောက်
လန်ဒန်မြို့တွင် ဇွန် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲတွင် အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အိမ်ရှင်ဗြိတိန်၏ တင်းနစ်အကျော်အမော် အမ်မာ ရာဒူကာနူအား ၆-၂၊ ၆-၄ ဖြင့် အနိုင်ယူကာ မြက်ခင်းကွင်းပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သည့် အဆိုပါပြိုင်ပွဲ၌ ဆီဒင်-၁ ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ ပထမအဆင့်ကို ယှဉ်ပြိုင်စရာမလိုဘဲ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဇွန် ၁၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဒုတိယအဆင့်ပွဲစဉ်၌ ကျိန့်အနေဖြင့် အမေရိကန်တင်းနစ်မယ် မက်ကာနီ ကက်ဆလာနှင့် ပွဲချိန် ၂ နာရီနှင့် ၁၁ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၆-၃၊ ၄-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သလို ဇွန် ၁၃ ရက်ကလည်း အလားတူ ထပ်မံရင်ဆိုင်ရနိုင်သည့် အခြေအနေနှင့် ကြုံခဲ့ရကာ ဒုတိယပွဲလတ် အစပိုင်းတွင် ၎င်း၏စပေးဘောအလှည့်၌ နှစ်ကြိမ် အမှတ်ဆုံးရှုံးခဲ့သည်။
ကျိန့်အနေဖြင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ဝင်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပထမအဆင့်မှာပင် ထွက်ခွာခဲ့ရသော်လည်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲနှစ်ခုမှ အတွေ့အကြုံများ ပိုမိုရရှိခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။
အမ်မာ နာဗာရိုကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည့် အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နစ်ဆီမိုဗာနှင့် ကျိန့်ချင်းဝန်တို့ ဇွန် ၁၄ ရက်၌ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မူ ဩစတြေးလျအိုးပင်း ချန်ပီယံ အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်နှင့် ဂျာမနီတင်းနစ်မယ် တာတီယာနာ မာရီယာတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)


…………………….
(English Version)
Messi ‘eager’ to lead Inter Miami at expanded FIFA Club World Cup
Lionel Messi said his expectations for the 2025 FIFA Club World Cup in the United States will be different to those at past editions when he participated with former club Barcelona.
The Inter Miami captain was part of the Barcelona teams that won the competition in 2009, 2011, 2015.
This year’s tournament, which kicks off on Saturday, features an expanded 32-team format and will be played over four weeks in 11 U.S. cities.
“Having the chance to be part of it is exciting,” Messi told FIFA on Friday. “The expectations I have are different to the ones I had when I played for other teams, but I’m eager and I look forward to competing against the best [teams] and doing well.”
Inter Miami will begin its campaign against Al Ahly at Miami’s Hard Rock Stadium on Saturday before also facing Palmeiras and Porto in the group stage.
Messi said the involvement of clubs from each of FIFA’s six confederations would offer a unique experience for players and fans.
…..
De Bruyne joins Napoli on free transfer after Man City exit
Kevin De Bruyne has ended his 10-year spell at Manchester City and joined Napoli as a free agent, the Serie A club confirmed on Thursday.
De Bruyne arrived at Manchester City from German side Wolfsburg in the summer of 2015. Over 10 seasons, the Belgian midfielder helped the club win six Premier League titles, five League Cups, two FA Cups, and a UEFA Champions League trophy. He made 422 appearances for City, scoring 108 goals and providing 170 assists.
The 33-year-old’s contract with City was set to expire this summer. Although he received lucrative offers from Saudi Arabia and Major League Soccer, he opted to stay in Europe to continue playing at a high competitive level.
Napoli edged out Inter Milan to claim its fourth Serie A title in the 2024-25 season. At Napoli, De Bruyne will reunite with his Belgium national teammate Romelu Lukaku.
…..
Real Madrid continues summer spending with Mastantuorno from River Plate
Real Madrid has confirmed the signing of Argentinean teenager Franco Mastantuono from River Plate.
The Spanish club has held off stiff competition from other major European clubs to sign the 17-year-old who just recently became the youngest player to ever represent the Argentinean national side.
The attacking midfielder has agreed to a six-year contract and will join Real Madrid in August after playing the Club World Cup with his current club.
River Plate has published details of the sale on its website, citing the total cost of the player for Real Madrid as 63.2 million euros (72.6 million US dollars).
…..
Olympic champion Zheng reaches first career grass-court semifinal
China’s Olympic champion Zheng Qinwen reached the semifinals on grass for the first time in her career as she knocked out home sensation Emma Raducanu 6-2, 6-4 at the Queen’s Club Championships here on Friday.
Zheng, 22, entered the WTA 500 tournament as the top seed and received a bye in the first round.
She needed two hours and 11 minutes to beat McCartney Kessler from the United States 6-3, 4-6, 7-5 in the second round on Thursday and seemed to repeat the story on Friday as she was broken twice at the beginning of the second set.
Zheng suffered first-round exit at the Wimbledon Championships in the past two years, but she believed she has already gained more experience from the two matches she played this year.
Zheng will face Amanda Anisimova on Saturday as the American defeated Emma Navarro 6-3, 6-3.
The other semifinal will be between Australian Open champion Madison Keys from the United States and German qualifier Tatjana Maria.