Eastern Europe
သမိုင်းအမှတ်တရများ ထင်ထင်ရှားရှား ကျန်ရှိနေသော ဗော်လ်ဂိုဂရက်မြို့၏ အနာဂတ်သို့မျှော်ကြည့်ခြင်း

မော်စကို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
ဗော်လ်ဂါမြစ်ကမ်းနဖူးပေါ်၌ အတိတ်ကာလမှ တိုက်ပွဲတစ်ခု၏ ဒဏ်ရာဒဏ်ချက်များ ပြန့်ကျဲတည်ရှိနေသည်။ ယင်းတို့မှာ ကျည်ဆန်ရာဗရပွဖြစ်နေသော တိုက်ရေယာဉ်တစ်စင်း၊ စစ်ဒဏ်သင့် အုတ်နီရောင် အဆောက်အအုံတစ်ခုနှင့် အနီးနားရှိ တောင်ထိပ်ပေါ်တွင် ဓားကိုင်၍ ရဲရင့်စူးရှသော အကြည့်ဖြင့် ကြည့်နေသော အလွန်မြင့်မားသည့် Motherland Calls ရုပ်တုတို့ပင်ဖြစ်သည်။
တစ်ချိန်က စတာလင်ဂရက်ဟု လူသိများသည့် ဗော်လ်ဂိုဂရက်မြို့မှာ မည်သည့်အခါကမှ အတိတ်သမိုင်းနှင့် ကင်းကွာလေ့မရှိသော မြို့တစ်မြို့ပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အထင်ကရ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၈၂ နှစ်ကြာမြင့်သည့်တိုင် ဗော်လ်ဂိုဂရက်မြို့မှာ နာဇီဂျာမနီနှင့် ဆိုဗီယက်ပြည်ထောင်စုကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့မှုကို သက်သေပြုနေဆဲဖြစ်သည်။
၁၉၄၂ ခုနှစ် ဇူလိုင်မှ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကြာမြင့်သော စတာလင်ဂရက်တိုက်ပွဲမှာ ခြောက်လကျော်တိုင်တိုင် အပြင်းအထန်ဖြစ်ပွားခဲ့သဖြင့် လူပေါင်းနှစ်သန်းကျော် သေဆုံး/ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်က လူဦးရေငါးသိန်း နေထိုင်ခဲ့သော အဆိုပါမြို့၌ အသက်ရှင်သူ ၃၂,၀၀၀ သာ ကျန်ရစ်ခဲ့သလို အဆောက်အအုံ ၄၀,၀၀၀ ကျော် အကြီးအကျယ်ပျက်စီးခဲ့ပြီး စာရင်းရှိအဆောက်အအုံ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါးသာ အကောင်းပကတိ ကျန်ရစ်ခဲ့သည်။
သို့သော် မျက်မှောက်ခေတ်တွင် ဗော်လ်ဂိုဂရက်မြို့၌ လူဦးရေတစ်သန်းကျော် မှီတင်းနေထိုင်လျက်ရှိသကဲ့သို့ မြို့၏ အပျက်အစီးများ၊ သမိုင်းဝင်အဆောက်အအုံများ၊ ပြတိုက်များနှင့်အတူ အားကစားကွင်းများ၊ ပန်းခြံများ၊ စက်မှုလုပ်ငန်းများဖြင့် စည်ပင်ဖွံ့ဖြိုးနေပြီဖြစ်သည်။
ဓားကိုင်ထားသော အမျိုးသမီးတစ်ဦးအသွင် ပုံဖော်ထုဆစ်ထားကာ ၈၅ မီတာ မြင့်၍ အလေးချိန် တန် ၈,၀၀၀ ခန့်ရှိသော Motherland Calls အထိမ်းအမှတ်ရုပ်တုမှာ ပြန့်ကျဲတည်ရှိနေသော Mamayev Kurgan အထိမ်းအမှတ် အဆောက်အအုံဝင်းကို စိုးမိုးထားသည်။ သို့သော် ထိုရုပ်တုမှာ မြို့အနှံ့တည်ရှိနေသော အထိမ်းအမှတ်နေရာပေါင်း ၂၀၀ ကျော်ထဲတွင် ပါဝင်သော နေရာတစ်ခုသာဖြစ်သည်။
ယနေ့ခေတ်တွင် ဗော်လ်ဂိုဂရက်မြို့မှာ အမှတ်တရများဖြင့် ပြည့်နှက်နေသော မြို့တစ်မြို့မျှသာ မဟုတ်တော့ပေ။ ဗော်လ်ဂိုဂရက်ဒေသမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၀၀ နီးပါး ဖော်ဆောင်ခဲ့ပြီး အလုပ်အကိုင်သစ် ၁၀,၀၀၀ ခန့် ဖန်တီးပေးခဲ့သည်။ ထိုဒေသ၏ အသားတင်ကုန်ထုတ်လုပ်မှုမှာ လွန်ခဲ့သော ခြောက်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။
အဆိုပါဒေသမှာ ရုရှားနိုင်ငံ တောင်ပိုင်းဆီသို့ ဝင်ပေါက်တစ်ခုအဖြစ် တည်ရှိနေပြီး ထိုသို့ မဟာဗျူဟာ အချက်အချာကျမှုကြောင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ xhtxs.cn/4rr
……………….
(English Version)
Where history stands tall, Volgograd looks to future
MOSCOW, June 16 (Xinhua) — On the banks of the Volga River, scattered scars of a past battle: A gunboat pockmarked with bullet holes, a war-damaged red-brick building, and, atop a nearby hill, the towering figure of The Motherland Calls — sword aloft, gaze fixed in defiance.
This is Volgograd, once known as Stalingrad, a city where history is never far away. Eighty-two years after the key battle during World War II, Volgograd still bears witness to the fierce clash between Nazi Germany and the Soviet Union.
From July 1942 to February 1943, the Battle of Stalingrad raged for more than six months, leaving over two million casualties. The city, once home to half a million people, was reduced to just 32,000 survivors. More than 40,000 buildings were destroyed, and less than 10 percent of the housing stock remained intact.
Yet today, Volgograd is home to over 1 million residents. The city’s ruins, monuments and museums now stand alongside sports stadiums, parks, and growing industries.
At 85 meters tall and weighing around 8,000 tonnes, The Motherland Calls monument, a memorial sculpture featuring a woman bearing a sword, dominates Mamayev Kurgan, now a sprawling complex. But it is just one of more than 200 commemorative sites scattered across the city.
Today, Volgograd is more than just a city of memories. Between 2014 and 2024, the Volgograd region launched nearly 200 investment projects, creating around 10,000 new jobs. Its gross regional product almost doubled over the past six years.
The region serves as a gateway to southern Russia. The strategic position has made it a key player in regional transport and trade. xhtxs.cn/4rr
English Caption
This photo taken on July 13, 2023 shows the Motherland Calls statue at Mamayev Kurgan in Volgograd, Russia. (Xinhua/Cao Yang)