Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားတွင် ဘိုတာဖိုဂိုက ပီအက်စ်ဂျီကို အနိုင်ရရှိ၊ အင်တာမိုင်ယာမီက မက်ဆီ၏ သွင်းဂိုးဖြင့် ပေါတိုကို အနိုင်ယူ
ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်၌ ဘိုတာဖိုဂိုက ဥ‌ရောပချန်ပီယံ ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ အုပ်စု-B တွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
အခြားပွဲစဉ်များတွင် ပါလ်မီးရက်စ်၊ အက်သလက်တီကို မက်ဒရစ်နှင့် အင်တာမိုင်ယာမီတို့လည်း အသီးသီးအနိုင်ရရှိခဲ့သဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းပိုကောင်းသွားပြီဖြစ်သည်။
ပါဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုတာဖိုဂိုနှင့် ပီအက်စ်ဂျီတို့၏ ပွဲစဉ်မှာ ယခုပြိုင်ပွဲ၏ အံ့အားသင့်စရာအကောင်းဆုံး ပွဲစဉ်ဖြစ်ခဲ့ပြီး ဘိုတာဖိုဂိုက အီဂေါ ဂျေးဆူး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းအနေဖြင့် နှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အတ္တလန်တာမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အင်တာမိုင်ယာမီနှင့် ပေါ်တိုအသင်း၏ ပွဲစဉ်၌ အင်တာမိုင်ယာမီက တစ်ဂိုးရှုံးနိမ့်နေရာမှ ၂-၁ ဂိုးဖြင့် အနိုင်ပြန်ယူခဲ့ပြီး လီယွန်နယ် မက်ဆီက ဖရီးကစ်မှတစ်ဆင့် အနိုင်ဂိုးသွင်းယူခဲ့သည်။
အင်တာမိုင်ယာမီနောက်ခံလူ နိုအာ အယ်လ်လန်က ဂျာအို မာရီယိုကို ပြစ်ဒဏ်ကျူးလွန်ရာမှ ရရှိခဲ့သည့် ပင်နယ်တီကို ဆမ်မူ အာဂီဟိုဝါက ကန်သွင်း၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် အင်တာမိုင်ယာမီအသင်းမှ မာဆယ်လို ဝီဂန့်ထ်က ပါးပါးနပ်နပ်ပြေးထွက်၍ ဖြတ်တင်ဘောပေးပို့ခဲ့ရာ ဗင်နီဇွဲလားကွင်းလယ်လူ တယ်လာစကို ဆီဂိုဗီယာက ညာဘက်ဂိုးအပေါ်ထောင့်သို့ ကန်သွင်းကာ ချေပဂိုးရယူပေးခဲ့သည်။
ထို့နောက် အင်တာမိုင်ယာမီအသင်း ရရှိသည့် ဖရီးကစ်အား မက်ဆီက လူတံတိုင်းကိုကျော်၍ လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ရာ ဂိုးသမား ကလော်ဒီယို ရာမို့စ် မည်သို့မျှ မကာကွယ်နိုင်ခဲ့သဖြင့် အင်တာမိုင်ယာမီ အနိုင်ဂိုးရရှိခဲ့သည်။
“ဘောလုံးအမြင်နဲ့ဆိုရင် တခြားဘာပြောစရာရှိဦးမလဲ။ သူက ဘောလုံးအားကစားမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားပါ” ဟု ဘလွန်းဒီအော်ဆု ရှစ်ကြိမ်ရရှိထားသော အသက် ၃၇ နှစ်အရွယ် မက်ဆီကို ရည်ညွှန်းလျက် အင်တာမိုင်ယာမီနည်းပြ ဟာဗီယား မာရေရှာနိုက ပြောကြားခဲ့သည်။
…..
— ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ အစာအိမ်ဝေဒနာကြောင့် မိုင်ယာမီတွင် ဆေးရုံတက်ကာ ကုသမှုခံယူနေရ
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေမှာ အစာအိမ်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးရုံတက်ကာ ကုသမှုခံနေရကြောင်း ကလပ်အသင်းက ဇွန် ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အမ်ဘာပေမှာ မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ဆော်ဒီကလပ် အယ်လ်-ဟီလာနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အား လွဲချော်ခဲ့သည်။
“ကျွန်တော်တို့အသင်းရဲ့ ကစားသမား ကီလီယန် အမ်ဘာပေဟာ ပြင်းထန်တဲ့ အစာအိမ်ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးစစ်မှုတွေ ပြုလုပ်ဖို့နဲ့ သင့်တော်တဲ့ ကုသမှုတွေ ခံယူဖို့ ဆေးရုံတက်နေရပါတယ်” ဟု ရီးရဲလ်အသင်းက ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဆေးစစ်ချက်မှတ်တမ်း ထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းအရ အမ်ဘာပေအနေဖြင့် ဇွန် ၂၂ ရက်၌ အုပ်စုဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုကလပ် ပါချူကာနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိပြီး ပါချူကာမှာ ဇွန် ၁၈ ရက် ညနေခင်းက ရက်ဒ်ဘူး ဆဲလ်ဘတ်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
…..
— ဘာလင်အိုးပင်းတွင် တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက ကိုကိုဂတ်ဖ်ကို အနိုင်ရရှိ
ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာလင်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်၌ တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက ပူပူနွေးနွေး ပြင်သစ်အိုးပင်းချန်ပီယံ ကိုကိုဂတ်ဖ်အား ၆-၃၊ ၆-၃ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိကာ နိုင်ပွဲဆက်လျက်ရှိသည်။
အသက် ၂၃ နှစ်အရွယ် ဝမ်မှာ လက်ရည်စစ်ပွဲနှစ်ပွဲတွင် အနိုင်ရပြီးနောက် WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သော ဘာလင်အိုးပင်း အဓိကပွဲစဉ်များဆီသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ကာ ပထမအဆင့်၌ ကမ္ဘာ့အဆင့်-၁၆ ဩစတြေးလျတင်းနစ်မယ် ဒါရီယာ ကာဆက်ကီနာကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
ပြင်သစ်အိုးပင်း၌ အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့အဆင့်-၂ အမေရိကန်တင်းနစ်မယ် ဂတ်ဖ်နှင့် ရင်ဆိုင်ရာတွင် ဝမ်က မြက်ခင်းကွင်း၌ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ကွာတားဖိုင်နယ်တွင် စပိန်တင်းနစ်မယ် ပေါ်လာ ဘာဒိုဆာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
…..
— ကမ္ဘာ့ဂျူဒို ချန်ပီယံရှစ်ပြိုင်ပွဲ၏ နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲ အမျိုးအစားတွင် ကင်နှင့် တာဆိုယက်ဗ်တို့ အနိုင်ရရှိ
ကမ္ဘာ့ဂျူဒို ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့အဖြစ် ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ၇၈ ကီလိုနှင့်အထက် ပြိုင်ပွဲအမျိုးအစားတွင် တောင်ကိုရီးယား ဂျူဒိုအားကစားမယ် ကင်ယာယွန်က ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အမျိုးသား ၁၀၀ ကီလိုနှင့်အထက် ပြိုင်ပွဲအမျိုးအစားတွင်မူ အီနာလ် တာဆိုယက်ဗ်က ၎င်း၏ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။
အမျိုးသမီး ဟဲဗီးဝိတ်တန်း ချန်ပီယံလုပွဲတွင် အာရှမှ ပြိုင်ပွဲဝင်နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုအဖြစ် တောင်ကိုရီးယားမှ ကင်နှင့် ဂျပန်မှ မာအို အာရာအိတို့ ယှဉ်ပြိုင်ခဲ့ရာ ကင်က တစ်ပွဲလုံးတွင် တည်ငြိမ်မှု၊ ကိုယ်နေဟန်ထားတို့တွင် သာလွန်ခဲ့သည့်အတွက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအမျိုးအစားတွင် တောင်ကိုရီးယားမှ လီဟွန်းဂျီနှင့် ပြင်သစ်မှ ရိုမာနဲ ဒစ်ကိုတို့က ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Botafogo shocks PSG, Messi shines at Club World Cup
Botafogo stunned European champions Paris Saint-Germain with a 1-0 win on Thursday to stay perfect at the FIFA Club World Cup and take command of Group B.
Elsewhere, Palmeiras, Atletico Madrid and Inter Miami also recorded victories to boost their chances of reaching the knockout stage.
Igor Jesus scored for the second straight match as Botafogo caused the biggest surprise of the tournament so far at the Rose Bowl in Pasadena.
In Atlanta, Lionel Messi scored with a free-kick as Inter Miami recovered from a goal down to beat Porto 2-1.
Samu Aghehowa put his side ahead from the penalty spot after Noah Allen was deemed to have fouled Joao Mario with a clip to the shin.
Venezuelan midfielder Telasco Segovia equalized by smashing a first-time effort into the top-right corner after Marcelo Weigandt’s clever run and cross.
Messi completed the turnaround by curling a free kick over the wall and beyond the reach of goalkeeper Claudio Ramos.
“In a footballing sense, what else is there to say? He is the best player to have played this sport in its history,” Inter Miami manager Javier Mascherano said of 37-year-old Messi, an eight-time Ballon d’Or winner.
…..
Stomach bug sends Real Madrid’s Mbappe to hospital in Miami
Real Madrid announced on Thursday that striker Kylian Mbappe has been admitted to the hospital in Miami suffering from gastroenteritis.
Mbappe missed his side’s 1-1 draw against Saudi Arabian side Al-Hilal in their first group match in the FIFA Club World Cup at Miami’s Hard Rock Stadium.
“Our player Kylian Mbappe is suffering from an acute case of gastroenteritis and has been admitted to hospital in order to undergo a series of tests and follow the appropriate course of treatment,” read a club medical report on Thursday morning.
The news means Mbappe is unlikely to play in Madrid’s second group match on Sunday against Mexico’s Pachuca, which lost 2-1 to Red Bull Salzburg on Wednesday evening.
…..
China’s Wang Xinyu upsets Gauff at Berlin Open
China’s Wang Xinyu continued her winning run by upsetting newly crowned French Open champion Coco Gauff 6-3, 6-3 in the women’s singles second round at the Berlin Open on Thursday.
The 23-year-old reached the main draw of the WTA 500 event after winning two qualifying matches, then defeated world No. 16 Daria Kasatkina of Australia in straight sets in the first round.
Facing American world No. 2 Gauff who’s in her first match since her French Open triumph, Wang capitalized on her grass-court rhythm to set up a quarterfinal clash with Spain’s Paula Badosa.
…..
Kim, Tasoev seal last individual golds from World Judo Championships
South Korea’s Kim Ya-yun claimed her first world title in the women’s +78kg category, while Inal Tasoev defended his crown in the men’s +100kg on the final day of individual competition at the World Judo Championships on Thursday.
The women’s heavyweight gold-medal bout was an all-Asian contest between Kim and Japan’s Mao Arai. Kim secured the win with superior composure and posture throughout the match. Lee Hyeon-ji of South Korea and Romane Dicko of France took bronze in the category.