Media
ကလပ်ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ ပီအက်စ်ဂျီ၊ အင်တာမိုင်ယာမီ၊ ပါလ်မီးရက်စ်နှင့် ဘိုတာဖိုဂိုတို့ တက်ရောက်
ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များကို ဇွန် ၂၃ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီ၊ ဘိုတာဖိုဂို၊ အင်တာမိုင်ယာမီနှင့် ပါလ်မီးရက်စ်အသင်းတို့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်မှာမူ ဂိုးကွာခြားချက်အရ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။
ပါဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်း၌ ပြင်းထန်သော အပူရှိန်အောက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကိုနှင့် ဘိုတာဖိုဂိုအသင်းတို့၏ ပွဲစဉ်တွင် ဘိုတာဖိုဂိုအနေဖြင့် ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နောက်တစ်ဆင့်တက်နိုင်ရန်အတွက် အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည့် အက်သလက်တီကိုမှာ အချိန်အများစုတွင် ပွဲကိုထိန်းချုပ်ထားသော်လည်း ဘိုတာဖိုဂို၏ low block ခံစစ်ဗျူဟာကို ကျော်လွှားနိုင်ရန် ရုန်းကန်ခဲ့ရသည်။
အုပ်စု-B တွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည့် ဘိုတာဖိုဂိုအနေဖြင့် နောက်တစ်ဆင့်တွင် ပြည်တွင်းပြိုင်ဘက် ပါလ်မီးရက်စ်နှင့် ဖီလာဒဲလ်ဖီးယားမြို့ရှိ Lincoln Financial Field ဘောလုံးကွင်းတွင် ဇွန် ၂၈ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီယက်တဲလ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် ဆီယက်တဲလ် ဆောင်းဒါးစ်အသင်းတို့၏ ပွဲစဉ်တွင် ပီအက်စ်ဂျီက ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပွဲကစားချိန် ၃၅ မိနစ်တွင် ဗီတင်ညာ၏ အဝေးကန်ချက်မှာ အသင်းဖော် ခဗစ်ချာ ကဗာရတ်စကီလီယာနှင့်ထိကာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် ဥရောပချန်ပီယံ ပီအက်စ်ဂျီ အဖွင့်ဂိုးရရှိခဲ့သည်။
ထို့နောက် ပွဲကစားချိန် မိနစ် ၆၀ ကျော်လာချိန်တွင် အက်ချရတ်ဖ် ဟာကီမီက ဘရက်ဒလေ ဘာကိုလာ၏ ဖြတ်တင်ဘောပေးပို့မှုအား တစ်ချက်ထိန်းကာ ဆွစ်ဇာလန်ဂိုးသမား စတီဖန်ဖရိုင်းကိုကျော်၍ ကန်သွင်းခဲ့ပြီး ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပီအက်စ်ဂျီမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် အတ္တလန်တာမြို့တွင် ဇွန် ၂၉ ရက်၌ အင်တာမိုင်ယာမီနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။
မိုင်ယာမီမြို့တွင် ဘရာဇီးကလပ် ပါလ်မီးရက်စ်နှင့် အင်တာမိုင်ယာမီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ပါလ်မီးရက်စ်က နှစ်ဂိုးအသွင်းခံထားရသော်လည်း ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ တာဒီယို အယ်လန်က တန်ပြန်တိုက်စစ်မှတစ်ဆင့် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်၍ အဖွင့်ဂိုးသွင်းယူခဲ့သလို လူးဝစ်စ်ဆွာရက်ဇ်က ပါလ်မီးရက်စ်နောက်ခံလူ ဘရူနိုဖုချ်ကို ကျော်ဖြတ်ကာ ဂိုးသမား ဝီဗာတန်နှင့် ရင်ဆိုင်အတွေ့တွင် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
သို့သော် ဆော်ပေါ်လိုအခြေစိုက် ပါလ်မီးရက်စ်က ကစားအားမြှင့်ခဲ့ပြီးနောက် ပေါ်လင်ဟိုက ၁၀ ကိုက်အကွာမှ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် သုံးမိနစ်အကြာတွင် မော်ရီစီယိုက လျှံထွက်လာသော ဘောလုံးကို ထပ်ဆင့်ပိတ်သွင်းခဲ့ရာ ဂိုးသမား အော်စကာ အူစတာရီ မကာကွယ်နိုင်ခဲ့သဖြင့် ပါလ်မီးရက်စ်အသင်း ချေပဂိုးထပ်မံရရှိခဲ့သည်။ (Xinhua)
………………
(English Version)
Club World Cup: PSG, Miami, Palmeiras, Botafogo advance
Paris Saint-Germain, Botafogo, Inter Miami and Palmeiras reached the FIFA Club World Cup round of 16 on Monday while Atletico Madrid was eliminated on goal difference.
In Pasadena, Botafogo progressed despite a 1-0 loss to Atletico Madrid in sweltering heat at the Rose Bowl. Needing to win by at least a three-goal margin to advance, the Spanish club dominated for long periods but struggled to find a way past the Brazilian side’s low defensive block.
Botafogo, which finished second in Group B, will meet Brazilian rivals Palmeiras in the next round at Philadelphia’s Lincoln Financial Field on Saturday.
In Seattle, Paris Saint-Germain comfortably secured its passage to the next stage with a 2-0 victory over Seattle Sounders.
The European champions opened the scoring in the 35th minute when Vitinha’s long-range effort deflected in off teammate Khvicha Kvaratskhelia.
Achraf Hakimi doubled the lead just after the hour, controlling Bradley Barcola’s cross before rifling a shot past Swiss goalkeeper Stefan Frei. PSG will vie for a place in the quarterfinals against Inter Miami in Atlanta on Sunday.
In Miami, Brazil’s Palmeiras recovered from two goals down to earn a 2-2 draw with Inter Miami.
Tadeo Allende handed Inter Miami the lead with a clinical finish following a counterattack before Luis Suarez made it 2-0 by dancing around Bruno Fuchs and firing a shot past goalkeeper Weverton.
But the Sao Paulo-based club lifted its intensity and Paulinho pulled a goal back by slotting home from 10 yards. The equalizer came three minutes from time when Mauricio pounced on a loose ball and smashed a rising effort beyond Oscar Ustari.