Connect with us

China

AIIB ၏ ပထမဆယ်စုနှစ်က နိုင်ငံစုံပါဝင်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အထိမ်းအမှတ်ဖြစ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ရုံးချုပ် ပြင်ပမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ၁၀ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်လာသည်နှင့်အမျှ နိုင်ငံစုံဖွံ့ဖြိုးတိုးတက်မှုဘဏ်အနေဖြင့် ဒေသတစ်လွှား ကွန်ရက်ချိတ်ဆက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပိုမိုပါဝင်လျက်ရှိသည်။
၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော AIIB ဘဏ်တွင် ကမ္ဘာ့တိုက်ကြီး ခြောက်ခုရှိ မူလအဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံမှ ၁၁၀ နိုင်ငံအထိ တိုးတက်ကြီးထွားလာကာ ကမ္ဘာ့လူဦးရေ၏ ၈၁ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ ဂျီဒီပီ၏ ၆၅ ရာခိုင်နှုန်း လွှမ်းခြုံထားပြီဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်အတွင်း AIIB ဘဏ်သည် စီမံကိန်း ၃၂၀ အတွက် ငွေကြေးပံ့ပိုးမှုအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော် ခွင့်ပြုခဲ့ပြီးဖြစ်ကာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွင်လည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ငွေထုတ်ချေးထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသတွင် လျှပ်စစ်ဓာတ်အားရရှိခြင်းမှ ကို့တ်ဒီဗွားနိုင်ငံရှိ လမ်းဖောက်လုပ်ရေးအထိ AIIB က ပံ့ပိုးထားသော စီမံကိန်းများသည် ကမ္ဘာ့တိုက်ကြီးများတစ်ခွင် အခြေခံအဆောက်အအုံ ကွာဟချက်များ ကျဉ်းမြောင်းစေသလို လူနေမှုဘဝများ အဆင့်မြှင့်တင်ပေးလျက်ရှိသည်။
အခြေခံအဆောက်အအုံက လူနေမှုဘဝများကို အသွင်ပြောင်းလဲပေးခြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီး ပတ်ဒ်မိုပါရာကျေးရွာ ဒေသခံ နတ်ဂျ်မာအက်ခ်တာက ရေနံဆီမီးအိမ် အလင်းရောင်ဖြင့် ၎င်း၏မိသားစု ပညာသင်ယူလေ့လာခဲ့ရသည့်အချိန်ကို ပြန်လည်အောက်မေ့ခဲ့သည်။ ဒေသတွင်းလျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန် AIIB က ချေးငွေ အမေရိကန်ဒေါ်လာ ၁၆၅ သန်းအား ပံ့ပိုးကူညီလိုက်ချိန် ၂၀၁၆ ခုနှစ်တွင်မူ ထိုအရာများမှာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
AIIB ဘဏ်၏ ပထမဆုံးငွေကြေးပံ့ပိုးရင်းနှီးမြှုပ်နှံလိုက်ခြင်းက ယင်းဒေသရှိ ကျေးလက်နေပြည်သူ ၁၂.၅ သန်းအား လျှပ်စစ်မီးဆောင်ကြဉ်းပေးနိုင်ခဲ့ကာ ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝများကို အသွင်ပြောင်းလဲပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် AIIB က သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ကီလိုမီတာ ၅၁,၀၀၀ ကျော် ပံ့ပိုးပေးခဲ့ပြီး ယင်းမှာ ကမ္ဘာအား တစ်ကြိမ်ပတ်ချိန်ထက် ကျော်လွန်ကာ ပြည်သူ သန်း ၄၁၀ ကျော်အား အကျိုးပြုနိုင်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4E4

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီး Padmo Para ကျေးရွာတွင် လျှပ်စစ်မီတာအနီး ဖြတ်သန်းသွားသူများကို ၂၀၁၉ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့ရှိ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအတွင်း စိုက်ထူထားသောအလံများအား ဖြတ်သန်းသွားသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
AIIB’s first decade marks a path of multilateral, sustainable development
BEIJING, June 24 (Xinhua) — As the Asian Infrastructure Investment Bank (AIIB) marks its 10th anniversary, the multilateral development bank is playing an increasingly prominent role in advancing connectivity, green growth, and sustainable development across regions.
Founded in 2015, AIIB has grown from 57 founding members to 110 across six continents, covering 81 percent of the world’s population and 65 percent of global GDP.
Over the past decade, it has approved over 60 billion U.S. dollars in financing for 320 projects, leveraging more than 200 billion U.S. dollars in infrastructure investment.
From electrifying rural Bangladesh to building roads in Cote d’Ivoire, AIIB-supported projects are narrowing infrastructure gaps and improving lives across continents.
INFRASTRUCTURE TRANSFORMING LIVES
In Padmo Para village near Dhaka, Bangladesh, local resident Najma Aktar recalls a time when her family studied by the light of a kerosene lamp. That changed in 2016, when the AIIB provided a 165 million U.S. dollar loan to upgrade the local power grid.
As the bank’s first standalone financed investment, it brought electricity to 12.5 million rural residents, transforming their daily lives.
By the end of 2024, AIIB has supported over 51,000 kilometers of transport infrastructure — enough to circle the Earth more than once — and benefited more than 410 million people. xhtxs.cn/4E4
Photo 1: This photo taken on June 11, 2025 shows the exterior view of the headquarters of the Asia Infrastructure Investment Bank (AIIB) in Beijing, capital of China. (Xinhua/Li Xin)
Photo 2: This file photo taken on March 5, 2019 shows local residents walking past an electricity meter in Padmo Para village near Dhaka, Bangladesh. (Xinhua/Liu Chuntao)
Photo 3: This file photo taken on Sept. 26, 2023 shows participants walking past flags during the eighth annual meeting of the Asian Infrastructure Investment Bank (AIIB) in Sharm El-Sheikh, Egypt. (Xinhua/Sui Xiankai)