Connect with us

China

ဝမ်ရိနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Maxime Prevot တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Maxime Prevot တို့ ဇူလိုင် ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Maxime Prevot နှင့် ဒေသစံတော်ချိန် ဇူလိုင် ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ဘယ်လ်ဂျီယမ်သည် ဥရောပသမဂ္ဂ တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး “ဥရောပတိုက်၏ အချက်အချာနေရာ” ၌ တည်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဘယ်လ်ဂျီယမ်သည် အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုဖြင့် ဘက်စုံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြရာ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး၏ တည်ငြိမ်သည့် အင်အားဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဘယ်လ်ဂျီယမ်၊ တရုတ်-ဥရောပသမဂ္ဂ အကြားတွင် “တံတိုင်းတားခြင်း” မဟုတ်သည့် ပိုမိုများပြားသည့် “ပေါင်းကူးတံတား”များ လိုအပ်သည်ကို အလေးထားပြောကြားခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် တရုတ်-ဥရောပသမဂ္ဂသည် မျက်နှာချင်းဆိုင်ဖလှယ်မှုများ အားဖြည့်ဆောင်ရွက်သင့်သလို အပြန်အလှန် ယုံကြည်မှုတိုးပွားအောင် ဆောင်ရွက်ကာ နားလည်မှုလွဲမှားနေသည်များကို ဖယ်ရှားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယမ် အစိုးရသစ်အနေဖြင့် တရုတ်-ဥရောပသမဂ္ဂ အကြားတွင် တွေ့ဆုံဆွေးနွေးသည့် ပေါင်းကူးတံတား၊ နားလည်မှု ပေါင်းကူးတံတား၊ ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ပြည်ပတံခါးဖွင့်လှစ်မှု အခင်းအကျင်းသစ်ကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်ဝင်ရောက်ခွင့် တောင်းဆိုချက်ကို ထပ်မံလျှော့ချသွားမည် ဖြစ်ပြီး တရုတ်-ဘယ်လ်ဂျီယမ် လူပုဂ္ဂိုလ်သွားလာမှု အဆင်ပြေလွယ်ကူရေး အစီအမံများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၀ ပြည့်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပတိုက် တစ်သားတည်းအသွင်ပြောင်းရေးကို ထောက်ခံကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ရွေကောင်းမွန်စွာ ရှုမြင်ရန်၊ ဓမ္မဓိဋ္ဌာန်ကျသည့် တရုတ်နိုင်ငံမူဝါဒကို လက်ကိုင်ကျင့်သုံးရန် မျှော်လင့်ကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသည့်အခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက ဥရောပသမဂ္ဂနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ လွတ်လပ်သောကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Maxime Prevot က တရုတ်နိုင်ငံသည် သာမန်မဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု ရှင်သန်စွမ်းအားများကို ပြသလျက်ရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံ၏ အရေးကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယမ်-တရုတ် အရည်အသွေးမြင့် နှစ်ဖက်ဆက်ဆံရေးသည် ကြွယ်ဝသော ရလဒ်များကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြေအနေ မည်သို့ပင် ဖြစ်ပေါ်တိုးတက်စေကာမူ ဘယ်လ်ဂျီယမ်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဖြစ်လိုကြောင်း၊ တက်ကြွသော၊ အပြုသဘောဆောင်သော သဘောထားကို ဆက်လက်အရင်းခံကာ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် လုပ်ဆောင်ပြီး အနာဂတ်ကို အတူတကွ ဖန်တီးကာ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ကောင်းမွန်သော အထောက်အပံ့အင်အားပေးလိုကြောင်း၊ ဘယ်လ်ဂျီယမ်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးသည့်အပေါ် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ ဘယ်လ်ဂျီယမ်-တရုတ် လူမှုယဉ်ကျေးမှုဖလှယ်မှုများကို တစ်ဆင့်တိုးအားဖြည့်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရာ ဘယ်လ်ဂျီယမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ကိုင်ကျင့်သုံးသွားမည်ဟု ထပ်မံပြောကြားကြောင်း၊ လက်ရှိ ပထဝီနိုင်ငံရေး ရှုပ်ထွေးတင်းမာလျက်ရှိရာ ဥရောပသမဂ္ဂ-တရုတ်အနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားကာ နိုင်ငံတကာဥပဒေကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ-တရုတ် ခေါင်းဆောင်များ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ပြီး စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားရန် မျှော်လင့်ကြောင်း Maxime Prevot က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ဘုံဂရုပြုကြသည့် အရေးကြီးကိစ္စရပ်များအပေါ်လည်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


——————-
(Chinese Version)
王毅同比利时副首相兼外交大臣普雷沃会谈
新华社布鲁塞尔7月2日电 当地时间7月2日,中共中央政治局委员、外交部长王毅同比利时副首相兼外交大臣普雷沃举行会谈。
王毅说,比利时是欧盟创始成员国,地处“欧洲心脏”。中比彼此尊重、相互信任,建立了全方位友好合作伙伴关系,成为中欧关系中的稳定性力量。习近平主席强调,中比、中欧之间需要更多“架桥”,而不是“筑墙”。当前形势下,中欧更应加强面对面交流,增进互信、消除误解。希望比利时新政府继续在中欧之间架起对话之桥、理解之桥、合作之桥。中国正加快构建高水平对外开放新格局,将进一步降低市场准入门槛,采取更多便利中比人员往来措施。
王毅表示,今年是中欧建交50周年。中方支持欧洲一体化,希望欧方积极友善看待中国发展振兴,奉行理性务实的对华政策。面对变局乱局,中方期待同欧方加强战略沟通协作,共同维护联合国宪章宗旨和原则,维护国际自由贸易体系,捍卫国际公平正义。
普雷沃表示,中国展现非凡发展活力,是比利时最重要的贸易伙伴,比中高质量双边关系取得丰硕成果。无论形势如何发展,比利时愿做中国的朋友,将继续本着积极、建设性态度,同中方深化合作、共创未来,更好助力各自发展。感谢中方对比利时公民实施免签政策,希望进一步加强比中人文交流。台湾是中国的一部分,比方尊重中国主权,重申将继续奉行一个中国政策。当前地缘政治复杂紧张,欧中都坚持多边主义、维护国际法,期待以新一次欧中领导人会晤为契机加强沟通合作,共同应对挑战。
双方还就共同关心的热点问题交换了意见。(完)
1. 7月2日,中共中央政治局委员、外交部长王毅同比利时副首相兼外交大臣普雷沃举行会谈。 新华社记者 彭子洋 摄