Connect with us

Media

ဘရိုက်တန်တိုက်စစ်မှူး ဂျာအို ပက်ဒရိုကို ချဲလ်ဆီးအသင်း ခေါ်ယူ

ဖီလာဒဲလ်ဖီးယား၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ယခုနွေရာသီ၌ ကစားသမားအင်အား ဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ချဲလ်ဆီးအသင်းက ဘရာဇီးတိုက်စစ်မှူး ဂျာအို ပက်ဒရိုအား ဘရိုက်တန်အသင်းထံမှ ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ပက်ဒရိုမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ (ဒေါ်လာ ၈၁.၅ သန်း) ဖြင့် ဘရိုက်တန်အသင်းမှ ပြောင်းရွှေ့လာခြင်းဖြစ်ကာ ၈ နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ချဲလ်ဆီးအသင်းနှင့် ပူးပေါင်းရန် ဘရာဇီးမှ အမေရိကန်သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ပြီး ပါလ်မီးရက်စ်နှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
“ဒီအသင်းဟာ ခမ်းနားတဲ့ သမိုင်းကြောင်းရှိတဲ့ အသင်းကြီးတစ်သင်းဆိုတာကို အားလုံးသိကြပါတယ်။ သူတို့ဆီမှာ အရင်တုန်းကရော အခုလက်ရှိမှာပါ သိပ်ကောင်းတဲ့ ကစားသမားတွေရှိနေတာမို့ အသင်းနဲ့ပူးပေါင်းဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ။ ချဲလ်ဆီးကစားသမားတစ်ယောက် ဖြစ်လာပြီဆိုရင် အနိုင်ရလဒ်တစ်ခုတည်းကိုပဲ စဉ်းစားထားရမှာပါ” ဟု ပက်ဒရိုက ချဲလ်ဆီးအသင်း ဝက်ဘ်ဆိုက်တွင် မှတ်ချက်ပြုခဲ့သည်။ (Xinhua)
…………………………..
(English Version)
Chelsea signs striker Joao Pedro from Brighton
PHILADELPHIA, July 2 (Xinhua) — Chelsea has completed the signing of Brazilian striker Joao Pedro from Brighton as the club continues its summer spending spree.
The 23-year-old joins from Brighton for a fee of 60 million pounds (81.5 million U.S. dollars) and has agreed an eight-year contract.
He has flown from Brazil to the United States to join up with the Chelsea squad currently competing in the FIFA Club World Cup and could make his debut in the quarter-final tie against Palmeiras.
“Everyone knows this is a big club with a great history,” said Pedro. “They had brilliant players in the past and have brilliant players now, so I am excited to join and you know when you are a Chelsea player you must think one thing – win,” he commented on the Chelsea website.