China
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဖုကျင်မြို့တွင် အရှေ့တိုင်းကြိုးကြာဖြူ (Oriental stork) တို့ လူလုပ်ငှက်အသိုက်များတွင် ကောင်းမွန်စွာ ကြီးပြင်းလာ

ဖုကျင် (ဟေးလုံကျန်း)၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
နွေရာသီ ပူပြင်းလာချိန်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဖုကျင်မြို့ရှိ ဟေးလုံကျန်း စန်းဟွမ်ဖောက် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်တွင် တည်ရှိသော လူလုပ်ငှက်အသိုက်အတွင်းရှိ အရှေ့တိုင်းကြိုးကြာဖြူ (Oriental stork) သားပေါက်ငှက်ကလေးများ၏ တောင်ပံအမွေးလေးများကြီးထွားသန်မာလာရာ ငှက်အသိုက်မှ ပျံသန်းထွက်ခွာတော့မည်ဖြစ်သည်။
ထိန်းသိမ်းကာကွယ်ရေးဇုန်သည် လော့မာရေကန် စီမံခန့်ခွဲရေးစခန်းတွင် ဆောက်လုပ်ပေးခဲ့သော လူလုပ်ငှက်အသိုက် ၂၀ ခု အားလုံး၌ ယခုနှစ်တွင် အရှေ့တိုင်းကြိုးကြာဖြူများ “လာရောက်နေထိုင်” ခဲ့ပြီးဖြစ်ရာ သားပေါက်ငှက်ငယ် စုစုပေါင်း အကောင် ၇၀ ပေါက်ဖွားခဲ့ကြောင်း ထိန်းသိမ်းကာကွယ်ရေးဇုန် စီမံခန့်ခွဲရေးဌာန၏ မိတ်ဆက်ပြောကြားပေးမှုအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟေးလုံကျန်း စန်းဟွမ်ဖောက် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်တွင် အရှေ့တိုင်းကြိုးကြာဖြူ (Oriental stork) များကို ဇူလိုင် ၁၃ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
黑龙江富锦:东方白鹳人工巢中羽翼丰
新华社照片,富锦(黑龙江),2025年7月14日
盛夏时节,在位于黑龙江省富锦市的黑龙江三环泡国家级自然保护区,人工巢内的东方白鹳雏鸟羽翼渐丰,即将离巢。据保护区管理局介绍,保护区在落马湖管护站搭建的20个人工巢今年全部“入住”东方白鹳,共孵育雏鸟70余只。
图说1:7月13日,在夕阳下的黑龙江三环泡国家级自然保护区,东方白鹳在人工巢中活动(无人机照片)。 新华社发(曲玉宝摄)
图说2:7月13日在黑龙江三环泡国家级自然保护区拍摄的东方白鹳(无人机照片)。新华社发(曲玉宝摄)