Connect with us

China

SCO မီဒီယာ၊ တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးက ကျိန့်ကျိုးသဘောတူညီချက် ထုတ်ပြန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကျိန့်ကျိုး သဘောတူညီချက်ကို ကျိန့်ကျိုးမြို့တွင် ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသော SCO မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး၌ အဆိုပါ သဘောတူညီချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့အစည်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးအား “‘ရှန်ဟိုင်းစိတ်ဓာတ်’ မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးဖလှယ်ခဲ့ကြပြီး SCO အဖွဲ့ဝင်နိုင်ငံများအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး တိုးမြှင့်ရန်၊ ပိုမိုနီးကပ်သော SCO အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် မီဒီယာနှင့် တတ်သိပညာရှင်များ၏ အခန်းကဏ္ဍကို မည်ကဲ့သို့ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မည်ကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြကြောင်း သဘောတူညီချက်အရ သိရသည်။

SCO သည် ဒေသတွင်းနိုင်ငံများအကြား အိမ်နီးချင်းကောင်းဖြစ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှုနှင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ခြင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသတွင်း သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း စသည်တို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ SCO မီဒီယာနှင့် တတ်သိပညာရှင်များ အနေဖြင့် ၎င်းတို့၏အခန်းကဏ္ဍကို ပေါင်းကူးတံတားအချိတ်အဆက်အဖြစ် အပြည့်အဝ ပါဝင်သွားရမည် ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာများအား ကောင်းမွန်စွာတင်ဆက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု၏ ထွန်းပြောင်သောအောင်မြင်မှုများကို ဖော်ပြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်မှုအတွက် ရှေးရှုသော ဉာဏ်ပညာနှင့် စွမ်းပကားအဖြစ် အကျိုးထမ်းဆောင်သွားရမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောကြားခဲ့ကြသည်။

နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုနက်ရှိုင်းခြင်းနှင့် မဟာဗျူဟာမြောက် ချိန်ညှိမှု အားကောင်းရေးတို့သည် SCO စဉ်ဆက်မပြတ် တည်ငြိမ်စွာ တိုးတက်မှု ၊ ဒေသတွင်းနိုင်ငံများ၏ အမျိုးသားလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အရေးပါလှသည်။

SCO မီဒီယာနှင့် တတ်သိပညာရှင်များအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေ၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်နှင့် မဟာဗျူဟာများအား အများပြည်သူ သိရှိမှုကို မြှင့်တင်သင့်ကြောင်း၊ နိုင်ငံများအကြား ဆက်ဆံရေး တိုးမြှင့်ရန်၊ မတူကွဲပြားမှုများကို လျှော့ချရန်၊ သဘောတူညီမှု တည်ဆောက်ရန်နှင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား အပြန်အလှန် လေးစားရန်၊ နိုင်ငံအချင်းချင်း ပင်မအကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရန်၊ SCO ဘုံမိသားစုအိမ်အား ပူးတွဲတည်‌ဆောက်ရန် စသည်တို့အား အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက မှတ်ချက်ပြုခဲ့ကြသည်။

ထို့ပြင် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် SCO နိုင်ငံများ၏ ဘုံတာဝန်ဝတ္တရားရော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးတွဲကိုင်တွယ်ဖြေရှင်းရေးအတွက် ရှောင်လွှဲမရသော ရွေးချယ်မှုပင် ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5s5
……………………………………..
(English Version)
SCO media, think tank summit releases Zhengzhou Consensus
ZHENGZHOU, July 25 (Xinhua) — The Shanghai Cooperation Organization (SCO) Media and Think Tank Summit Zhengzhou Consensus was released in Zhengzhou on Friday.
The consensus was released at the ongoing SCO Media and Think Tank Summit, which is taking place in the capital of central China’s Henan Province, beginning on Wednesday and ending on Sunday.
More than 400 representatives of nearly 200 media, think tanks, government agencies of SCO member states, observer states and dialogue partner countries, as well as international and regional organizations, attended the event.
The summit conducted extensive exchanges around the theme “Carrying Forward the ‘Shanghai Spirit’ and Jointly Building a Beautiful Homeland,” and deeply explored how to better leverage the role of media and think tanks to promote the enhancement of traditional friendship and deepening of mutually beneficial cooperation among the countries of the SCO and build a closer community with a shared future for the SCO, according to the consensus.
The SCO plays an important role in enhancing good-neighborliness, friendship, unity and mutual trust among regional countries, safeguarding regional security and stability, and in promoting regional prosperity and development. SCO media and think tanks should fully play their role as a bridge and link, jointly tell the stories of Shanghai cooperation well, showcase glorious achievements of Shanghai cooperation, and contribute wisdom and strength toward advancing peace, stability, prosperity and development both regionally and globally, said the representatives.
Deepening political mutual trust and strengthening strategic alignment are crucial for ensuring the SCO’s sustained and steady development as well as safeguarding national security and development interests of regional countries. SCO media and think tanks should intensify efforts to promote the publicity and interpretation of the national conditions, development paths and strategies of the SCO member states, foster enhanced communication among the countries, eliminate differences, build consensus and increase mutual trust, respect each other’s development paths, safeguard each other’s core interests, and jointly build a common home of the SCO, the representatives noted.
Safeguarding regional security and stability is both a common responsibility of SCO countries and an inevitable choice for jointly addressing global challenges. xhtxs.cn/5s5
Photo: This photo taken on July 25, 2025 shows a scene at the plenary session of the Shanghai Cooperation Organization (SCO) Media and Think Tank Summit in Zhengzhou, capital of central China’s Henan Province. (Xinhua/Hao Yuan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.