China
ချန်ပီယံရှစ်ပြိုင်ပွဲ၊ အလှပြရေကူးနည်းပြိုင်ပွဲတွင် တရုတ်အသင်းက ရွှေတံဆိပ်ဆုများ ဆွတ်ခူး

စင်ကာပူ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဇူလိုင် ၂၅ ရက်၌ ကျင်းပသော World Aquatics ချန်ပီယံရှစ်ပြိုင်ပွဲ၊ အဖွဲ့လိုက် အလှပြရေကူးနည်းပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက အနိုင်ရရှိခဲ့ပြီး အဖွဲ့လိုက်ပြိုင်ပွဲ သုံးပွဲလုံးတွင် ရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
“Soul of the Terracotta Army” ဟူသော ခေါင်းစဉ်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခဲ့သော တရုတ်အသင်းသည် ကနဦး အကျော့ပြိုင်ပွဲတွင် ၂၂၅.၇၉၉၃ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ယင်းအရှိန်ကို ဗိုလ်လုပွဲအထိ ဆက်လက်ထိန်းထားနိုင်ခဲ့ကာ ဗိုလ်လုပွဲ၌ ၂၂၉.၀၁၈၆ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းမှာ အလှပြရေကူးနည်းပြိုင်ပွဲတွင် တရုတ်အသင်းက စတုတ္ထမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။ (Xinhua)

စင်ကာပူနိုင်ငံတွင် ကျင်းပသော World Aquatics ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဖွဲ့လိုက် အလှပြရေကူးနည်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရှင် တရုတ်အသင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China sweeps team golds in artistic swimming at World Aquatics Championships
SINGAPORE, July 25 (Xinhua) — China won the World Aquatics Championships team acrobatic title in artistic swimming on Friday, concluding its campaign with gold medals in all three team events.
Performing a routine titled “Soul of the Terracotta Army”, the Chinese squad topped the preliminary round with 225.7993 points and carried that momentum into the final, where they scored 229.0186 points to secure the gold.
It marked China’s fourth gold medal in artistic swimming.
Photo 1: Medalists pose for photo during the awarding ceremony for the team acrobatic of artistic swimming at the World Aquatics Championships in Singapore, July 25, 2025. (Photo by Then Chih Wey/Xinhua)
Photo 2: Gold medalists Team China pose for photo after the awarding ceremony for the team acrobatic of artistic swimming at the World Aquatics Championships in Singapore, July 25, 2025. (Xinhua/Wu Zhizun)