Connect with us

Media

မြန်မာနိုင်ငံရှိ ဆန်စက်များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်သို့ ကူးပြောင်းခြင်းဖြင့် ရေရှည်တည်တံ့မှုနှင့် ကမ္ဘာ့ဆန်ဈေးကွက်ကို ဆွဲဆောင်မှုတိုးမြင့်လာစေ

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် နေပြည်တော်ရှိ ဆန်စက် ၂၈ ခုတို့တွင် Solar Energy နေရောင်ခြည်စွမ်းအင်ပေါင်းစပ်ကာ လုပ်ငန်းလည်ပတ်မည်ဖြစ်ပြီး လက်ရှိ ဆန်စက် ၄ ခုတွင် ဆိုလာစနစ် တပ်ဆင်မှုပြီးမြောက်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ပြောသည်။ ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် ဆိုလာစွမ်းအင်ကို ပေါင်းစပ်သုံးစွဲခြင်းအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုထားသော ထုတ်လုပ်မှု ဖြစ်စေရန် ရည်ရွယ်ပြီး အသင်းချုပ်သည် ဆိုလာစွမ်းအင် ဆက်စပ်ပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ တပ်ဆင်သည့် ကုမ္ပဏီ(၁၇)ခုနှင့် MOU လက်မှတ် ရေးထိုးထားကြောင်း သိရသည်။ ဆိုလာစွမ်းအင် တပ်ဆင်မည့် ဆန်စက် (၂၈)စက် (စုစုပေါင်း တပ်ဆင်အင်အား ၄၁.၉ မဂ္ဂါ၀ပ်)ကို ၂၀၂၅ ခုနှစ် မတ်လမှ စတင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဆန်စက်များ အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီ ဆိုလာ စနစ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ဆန်တင်ပို့မှု အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာ့ဆန်၏ အဓိက ဝယ်ယူသူဖြစ်ကာ နှစ်စဉ် ဆန်တန်ချိန် ၅၀၀,၀၀၀ ခန့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ဥရောပ နိုင်ငံများသို့လည်း နှစ်စဉ်တန်ချိန် ၇၀၀,၀၀၀ နီးပါး တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117