Connect with us

China

မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ပယ်ဖျက်လိုက်ခြင်းအပေါ် တရုတ်နိုင်ငံက တုံ့ပြန်ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ဇူလိုင် ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ပယ်ဖျက်လိုက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ တုံ့ပြန်ပြောကြားချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဇူလိုင် ၃၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းသည် ဇူလိုင် ၃၁ ရက်က ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ပယ်ဖျက်လိုက်သည်ဟု ယနေ့ (ဇူလိုင် ၃၁ ရက်) ကြေညာခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု AFP သတင်းထောက်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပေါ် ကောကျားခွန်းက ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအခြေအနေ၏တိုးတက်မှုများအား အထူးဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်သည့် ကြိုးပမ်းမှုများကို အစဉ်တစိုက် ထောက်ခံသလို မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအစီအစဉ်များအား တည်ငြိမ်သင့်လျော်စွာ တွန်းအားပေးဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပါတီအသီးသီး၊ အဖွဲ့အသီးသီးက အခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အတွင်း နိုင်ငံရေးနည်းလမ်းကတစ်ဆင့် ကွဲလွဲမှုတွေ လျော်ကန်စွာ စီမံမှုကို ကြိုဆိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြည်တွင်းရေးမစွက်ဖက်ခြင်း အခြေခံမူကို အခိုင်အမာလက်ကိုင်ထားရာ မြန်မာနိုင်ငံ ဘက်အသီးသီး၏လိုအပ်ချက်အရ အပြုသဘောဆောင်မှုဖြင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်စွာ ပြေလည်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

——————–
(Chinese Version)
中方回应缅甸解除全国紧急状态
7月31日,外交部发言人郭嘉昆主持例行记者会。
法新社记者提问,缅甸今天宣布解除全国紧急状态。请问中方对此有何评论呢?
郭嘉昆表示,作为友好邻邦,中方高度关注缅甸局势的发展,始终支持缅甸维护国家稳定、实现和平和解的努力,支持缅甸走符合本国国情的发展道路,支持缅甸稳妥推进国内政治议程。
“欢迎缅甸各党各派在宪法和法律框架下,通过政治方式妥处分歧。”郭嘉昆表示,中方坚持不干涉内政的原则,愿根据缅甸各方的需要,继续积极开展劝和促谈,为缅甸局势回稳降温发挥建设性作用。