Connect with us

International Organizations

၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် တော့တင်ဟမ်အသင်းမှ ဆွန်ဟောင်မင် ထွက်ခွာမည်

တောင်ကိုရီးယားနိုင်ငံ ဂိုယန်မြို့ရှိ ဂိုယန်ဘောလုံးအားကစားကွင်း၌ တောင်ကိုရီးယားအသင်းနှင့် အိုမန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်အား ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တော့တင်ဟမ် ဟော့စပါး အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ၎င်းအနေဖြင့် ယခုနွေရာသီတွင် အသင်းမှထွက်ခွာမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။သို့ဖြစ်၍ အဆိုပါ တောင်ကိုရီးယား ကစားသမားအနေဖြင့် ၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် မြောက်လန်ဒန်ကလပ်တွင် ၁၀ နှစ်ကြာ ဖြတ်သန်းမှုကို အဆုံးသတ်လိုက်ခြင်းပင်ဖြစ်သည်။

ဆွန်မှာ စပါးစ်အသင်းအတွက် ပွဲပေါင်း ၄၅၄ ပွဲ ကစားခဲ့ပြီး ၁၇၃ ဂိုး သွင်းယူခဲ့ကာ ပြီးခဲ့သည့်ရာသီ၌ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် မန်ချက်စတာ ယူနိုက်တက်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ယူ၍ ၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ကာ ဆုဖလားအောင်မြင်မှုဖြင့် ရာသီသိမ်းနိုင်ရန် စပါးစ်အသင်းအား ဦးဆောင်ခဲ့ပြီးနောက် အသင်းမှထွက်ခွာတော့မည်ဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် ဆွန်မှာ စပါးစ်အသင်း၌ နောက်ထပ်တစ်ရာသီ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။

၎င်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်မြို့တွင် နည်းပြသစ် သောမတ်စ် ဖရန့်ခ်နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် အဆိုပါသတင်းကို အသိပေးခဲ့ခြင်းဖြစ်ကာ စပါးစ်အသင်းအနေဖြင့် ဩဂုတ် ၃ ရက်၌ နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

“ဒါက ဆွန်အတွက် နောက်ဆုံးပွဲဖြစ်လာမယ်ဆိုရင် သူ့မွေးရပ်မြေက ပရိသတ်တွေရှေ့မှောက်မှာ ကစားရမှာမို့ နှစ်လိုဖွယ်ကောင်းတဲ့ အဆုံးသတ်တစ်ခု ဖြစ်နိုင်ပါတယ်” ဟု ဖရန့်ခ်က ဆိုသည်။
ဆွန်က ယင်းဆုံးဖြတ်ချက်မှာ ၎င်း၏ကစားသမားဘဝတွင် အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

“ကျွန်တော် မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ တကယ်ပဲ ဘောလုံးကစားချင်သလားဆိုတာကို အကြာကြီးအချိန်ယူပြီး သေသေချာချာ စဉ်းစားသုံးသပ်ခဲ့သလို ကျွန်တော့်ဘာသာ အပြန်ပြန်အလှန်လှန် အမေးအဖြေလုပ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော် ချာတိတ်အရွယ်ကတည်းက မြောက်လန်ဒန်ကို ရောက်လာခဲ့တာပါ။ တော်တော်လေး ငယ်ရွယ်ပြီး အင်္ဂလိပ်စကားတောင် မပြောတတ်သေးတဲ့ လူငယ်တစ်ယောက်အဖြစ်နဲ့ လန်ဒန်ကို ရောက်လာခဲ့တာပေါ့။ ဒီအသင်းကနေ ရင့်ကျက်တဲ့သူတစ်ယောက်အဖြစ်နဲ့ ထွက်ခွာသွားရမှာမို့ အလွန့်အလွန် ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ” ဟု ဆွန်က ပြောကြားခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရန် ပတ်ဝန်းကျင်အသစ်တစ်ခု လိုအပ်နေပြီဟု ဆွန်က ရှင်းပြခဲ့သည်။”ကျွန်တော့်အတွက် အပြောင်းအလဲအနည်းငယ် လိုအပ်နေပါပြီ။ ၁၀ နှစ်ဆိုတာ ကြာညောင်းတဲ့ အချိန်ကာလတစ်ခုပါ။ ကျွန်တော့်အတွက် ရနိုင်သမျှ အောင်မြင်မှုအားလုံးကို ရယူခဲ့ပြီးပြီလို့ ထင်ပါတယ်” ဟု ဆွန်က နိဂုံးချုပ်ပြောကြားခဲ့သည်။ (Xinhua)
……………………………………………….
(English Version)
Son Heung-min to leave Tottenham after 10 years
LONDON, Aug. 2 (Xinhua) — Tottenham Hotspur captain Son Heung-min has announced that he will leave the club this summer.
The news ends the South Korean’s 10-year stay with the North London club that he joined from Bayer Leverkusen in 2015.
Son has scored 173 goals in 454 appearances for Tottenham and leaves the club on a high note after captaining Spurs to a 1-0 win over Manchester United in last season’s UEFA Europa League final to end a 17-year trophy drought.
Although the 33-year-old has another season on his contract, he looks likely to move to MLS side Los Angeles FC.
He gave the news in a joint press conference with new Tottenham coach Thomas Frank, from the South Korean capital of Seoul, where his side will play Newcastle United on Sunday.
“If that is the last game for Sonny, what a place to do it here in front of his home fans. It could be a beautiful ending,” said Frank.
Son described the decision as “the most difficult one I have made in my career.”
“I spent a lot of time reflecting on whether I wanted to experience football in a different environment, and I had those conversations with myself over and over again.”
“I came to north London as a kid – a very young age, a young boy came to London who even didn’t speak English,” said Son, adding that “leaving this club as a grown man is a very, very proud moment.”
‌But he explained he now needed “a new environment to push myself.”
“I need a little bit of change – 10 years is a long time. I felt like I had achieved everything I possibly could,” he concluded. ■
English Caption
Son Heung-min, captain of South Korea, attends a press conference before the FIFA World Cup Asian Qualifiers match between South Korea and Oman at the Goyang stadium in Goyang, South Korea, March 19, 2025. (Photo by Jun Hyosang/Xinhua)