China
ပါကစ္စတန် ပညာရှင် Waseem Raza – တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ငှက်ပျောပင်၏ “ရောဂါခုခံနိုင်သော လျှို့ဝှက်ကုတ်” ကို သုတေသနပြုနေ

ဟိုင်ခို၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ယခုနှစ် အသက် ၄၅ နှစ်အရွယ် ပါကစ္စတန် စိုက်ပျိုးရေးပညာရှင် Waseem Raza က ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပါရဂူဘွဲ့ကို သင်ယူရရှိခဲ့ပြီးနောက် တက္ကသိုလ်တွင်ပင် ဆရာအဖြစ် ပြန်လည်သင်ကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ၎င်းသည် အဆင့်မြင့် လူရည်ချွန်များ ဖိတ်ခေါ်မှု မူဝါဒများမှတစ်ဆင့် တရုတ်နိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ (CATAS) ဆန်းရ သုတေသနဌာနသို့ ဝင်ရောက်ခဲ့ပြီး ငှက်ပျောရောဂါကာကွယ်နှိမ်နင်းရေးနှင့် စိုက်ပျိုးရေးနည်းပညာများကို သုတေသနပြုလုပ်ခဲ့သည်။ လက်ရှိတွင် ၎င်းသည် CATAS တွင် ဒုတိယသုတေသီ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
CATAS သည် ငှက်ပျော သုတေသနကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် အတွေ့အကြုံကြွယ်ဝကြောင်း၊ ငှက်ပျောပင် ညှိုးနွမ်းမှုရောဂါအတွက် ရောဂါခုခံနိုင်သော မျိုးစိတ်များ ပျိုးထောင်နိုင်ခဲ့ရုံသာမက ဇီဝအော်ဂဲနစ်မြေသြဇာများကို အရှိန်အဟုန်မြှင့် သုတေသနပြုထုတ်လုပ်ကာ ဇီဝဗေဒနည်းလမ်းဖြင့် ထိရောက်မှုရှိပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကို ဖော်ဆောင်ခဲ့ကြောင်း Waseem က မိတ်ဆက်ပြောကြားခဲ့သည်။
Waseem သည် CATAS ၏ အဆင့်မြင့် ဓာတ်ခွဲခန်းကို အသုံးချကာ ဘက်တီးရီးယား မတည်ငြိမ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs) နှင့်ပတ်သက်သည့် သုတေသန လုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိတွင် ဓာတ်ခွဲခန်းအဆင့် သုတေသနအချို့ကို ပြီးမြောက်ခဲ့ပြီး ယခုနှစ်နှင့် လာမည့်နှစ်အတွင်း ယင်းတို့ကို စိုက်ခင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချရန် စီစဉ်ထားရာ လက်ရှိ ဇီဝအော်ဂဲနစ်မြေဩဇာများ၏ ငှက်ပျောပင်ညှိုးနွမ်းမှုရောဂါ ကာကွယ်ထိန်းချုပ်နိုင်စွမ်းကို မြင့်မားစေမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော် တရုတ်ပြည်မှာ နေလာတာ နှစ် ၂၀ ကျော်ကြာပြီဆိုတာ့ နေသားကျနေပြီ” ဟု Waseem ပြောကြားခဲ့သည်။ ဆန်းရ ပတ်ဝန်းကျင် အလွန်ကောင်းမွန်ကြောင်း၊ ၎င်းသည် ဤနေရာတွင် အိမ်ဝယ်ပြီး မိသားစုဝင်များကို ခေါ်လာကာ သုတေသနလုပ်ငန်းကို စိတ်ချလက်ချလုပ်ဆောင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
Waseem ၏အမြင်အရ တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအခြေခံသည် ခိုင်မာနက်ရှိုင်းပြီး ငှက်ပျောပင်စိုက်ပျိုးခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် ကျယ်ပြန့်သောအလားအလာများရှိရာ တရုတ်နိုင်ငံ သုတေသနပြုလုပ်ထားသော အဆင့်မြင့်နည်းပညာများကို ပါကစ္စတန်နိုင်ငံသို့ တင်သွင်းနိုင်သလို ပါကစ္စတန်၏ သုတေသနအောင်မြင်မှုရလဒ်များကိုလည်း တရုတ်နိုင်ငံသို့ သယ်ဆောင်သွားနိုင်ပြီး ငှက်ပျောထုတ်လုပ်မှု၊ ရောဂါကာကွယ်ထိန်းချုပ်မှု စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံ၏ အတူတကွ ညှိနှိုင်း၍ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်နိုင်ပေသည်။ (Xinhua)

ပါကစ္စတန် ပညာရှင် Waseem Raza အား တရုတ်နိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ (CATAS) အပူပိုင်းဒေသ သီးနှံဇီဝမျိုးပွားခြင်းဆိုင်ရာ အမျိုးသားအဓိကဓာတ်ခွဲခန်း၌ ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………
(Chinese Version)
巴基斯坦专家瓦西姆·拉扎:我在海南研究香蕉“抗病密码”
新华社照片,海口,2025年8月3日
现年45岁的巴基斯坦农业专家瓦西姆·拉扎2005年来到中国南京农业大学攻读博士,毕业后留校任教。2025年,他通过高层次人才引进政策,进入中国热带农业科学院三亚研究院从事香蕉病害防控和栽培技术研究,目前是中国热带农业科学院副研究员。
瓦西姆介绍,中国热带农业科学院在香蕉研究方面技术先进、经验丰富,针对香蕉枯萎病不仅培育出抗病品种,还大力研发生物有机肥,通过生物手段实现高效环保防控。
瓦西姆正利用科学院的高水平实验室从事细菌挥发性化合物研究,目前已完成实验室部分研究,计划今明年将其推广到田间,提高现有生物有机肥防控枯萎病的效果。
“我在中国生活了20多年,早就习惯了”,瓦西姆说,三亚的环境非常好,他打算在这里买房,把家人接过来,安心从事科研工作。
在瓦西姆看来,中巴两国农业合作基础深厚,在香蕉种植与病害防控方面合作前景广阔,既可以把中国研发的先进技术引进巴基斯坦,也可以将巴基斯坦的研究成果带到中国,提升两国在香蕉生产、病害防控等方面的协同创新。
图说1:7月29日,瓦西姆·拉扎在海南三亚崖州湾科技城香蕉试验田中。新华社记者 杨冠宇 摄
图说2:7月29日,瓦西姆·拉扎在中国热带农业科学院热带作物生物育种全国重点实验室。新华社记者 杨冠宇 摄