Connect with us

China

၂၀၂၅ ခုနှစ် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ချိန်တူးမြို့၌ ဖွင့်လှစ်ကျင်းပ၊ ရှန့်ရီချင် တက်ရောက်၍ ဖွင့်လှစ်ကြောင်း ကြေညာ

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံ (ဝဲဘက် ဒုတိယ) ၊ နိုင်ငံတကာ ကမ္ဘာ့အားကစားပြိုင်ပွဲအသင်း အလံ (ယာဘက် ဒုတိယ) ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ အလံ (ယာဘက် ပထမ) ၊ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ အလံတို့ လွှင့်တင်ထားသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ညအချိန်ခါတွင် ချိန်တူးမြို့ ထျန်းဖူနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ မီးရောင်တဖိတ်ဖိတ်ဖြင့် တောက်ပလင်းလက်လျက်ရှိသည်။ ည ၈ နာရီအချိန်တွင် ကမ္ဘာ့အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ရာ သာယာပျော်မြူးသော သံစဉ်နှင့်အတူ နိုင်ငံနှင့်ဒေသပေါင်း ၁၁၆ ခုမှ ပြိုင်ပွဲဝင်အားကစားသမားများသည် တန်းစီ၍ အားကစားကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Kirsty Coventry က ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့သည့်အပြင် ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အားကစားဦးစီးဌာနချုပ် ညွှန်ကြားရေးမှူးချုပ် ကောင်းကျစ်သန်း၊ နိုင်ငံတကာ ကမ္ဘာ့အားကစားပြိုင်ပွဲအသင်း ဥက္ကဋ္ဌ Jose Perurena တို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ည ၉ နာရီ မိနစ် ၂၀ တွင် ရှန့်ရီချင်က ချိန်တူး ၂၀၂၅ ခုနှစ် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ ခန်းမတစ်ခုလုံး လက်ခုပ်ဩဘာသံများ ခြိမ့်ခြိမ့်သဲသဲ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် “ထျန်းဖူတံစက်မြိတ်” အတွင်း၌ ယဉ်ကျေးမှုအဖွဲ့များက “ခမ်းနားသောစည်းချက်” ၊ သီချင်းဖျော်ဖြေတင်ဆက်မှု “ချစ်ကြည်ရင်းနှီးမှုသံစဉ်” စသည်တို့ကို ဆက်တိုက် တင်ဆက်ဖျော်ဖြေခဲ့ရာ အားကစားနည်းနှင့် တရုတ်ယဉ်ကျေးမှု၊ စီချွမ်းဒေသအကြောင်းအရာများကို ကောင်းမွန်စွာ ပေါင်းစပ်လိုက်ပြီး “အားကစားတွင် အကန့်အသတ်မရှိ အမျိုးစုံလင်ခြင်း” ဟူသည့် ခေါင်းစဉ်ကို ပေါ်လွင်စေခဲ့သည်။

ပရိသတ်အားလုံး၏ မျှော်လင့်မှုများဖြင့် ကမ္ဘာ့အားကစားပြိုင်ပွဲ မီးတိုင်ကို ရေကန်အလယ်ဗဟို၌ ထွန်းညှိခဲ့ရာ ရေနှင့်မီးတို့ တွဲဖက်တည်ရှိသည့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အလှတရားဖြင့် တစ်ကမ္ဘာလုံးထံသို့ အိပ်မက်အလင်းရောင်များ လက်ဆင့်ကမ်းခဲ့သည်။

ကမ္ဘာ့အားကစားပြိုင်ပွဲကို ကမ္ဘာ့အားကစားပြိုင်ပွဲအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အိုလံပစ်မဟုတ်သော ပမာဏအကြီးဆုံး၊ အဆင့် အမြင့်ဆုံး နိုင်ငံတကာ ဘက်စုံအားကစားပြိုင်ပွဲဖြစ်ရာ ၄ နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။

ယခုအကြိမ် အားကစားပြိုင်ပွဲတွင် အားကစားအစီအစဉ်ကြီး ၃၄ ခု၊ အစီအစဉ်ခွဲ ၆၀ ခု၊ အစီအစဉ်ငယ် ၂၅၆ ခု ထားရှိထားရာ နာမည်ပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားပေါင်း ၄,၀၀၀ နီးပါး ရှိသည်။ တရုတ်အားကစားသမား ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမားပေါင်း ၃၂၁ ဦးက အစီအစဉ်ကြီး ၂၈ ခု၊ အစီအစဉ်ခွဲ ၅၀ ခု၊ အစီအစဉ်ငယ် ၁၅၂ ၏ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးမီးပန်း တင်ဆက်မှုကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်အားကစားသမား ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာအားကစားသမား ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
2025年第12届世界运动会在成都开幕   谌贻琴出席并宣布开幕
新华社成都8月7日电 8月7日,2025年第12届世界运动会在四川省成都市开幕。国务委员谌贻琴出席开幕式并宣布开幕。
夜幕下,成都天府国际会议中心华灯璀璨,流光溢彩。20时,世运会开幕式开始,伴随着欢快的旋律,来自116个国家/地区的参赛人员依次入场。国际奥委会主席考文垂视频致辞,成都世运会组委会主席、国家体育总局局长高志丹,国际世运会协会主席佩鲁雷纳致辞。21时20分,谌贻琴宣布:成都2025年第12届世界运动会开幕!全场响起热烈掌声。
随后,在“天府之檐”下,文体表演《锦绣之韵》、主题曲表演《友爱之声》接续上演,将运动项目与中华文化、巴蜀元素有机结合,展示出“运动无限 气象万千”的主题。在万众期待下,世运圣火在湖中点燃,以水火相生的科技创新美学,向全世界传递梦想之光。
世运会由国际世运会协会主办,是非奥项目规模最大、水平最高的国际综合性运动会,每4年举办一届。本届世运会共设34个大项60个分项256个小项,报名参赛运动员近4000人。中国体育代表团将有321名运动员参加28个大项50个分项152个小项的比赛。(完)
1、8月7日,中华人民共和国国旗(左二)、国际世界运动会协会会旗(右二)、国际奥林匹克委员会会旗(右一)、成都世运会组委会会旗在开幕式上升起。新华社记者 陈斌 摄
2、这是8月7日拍摄的开幕式上的焰火表演。新华社记者 王翔 摄
3、8月7日,中国体育代表团在开幕式上入场。新华社记者 陈斌 摄
4、8月7日,缅甸体育代表团在开幕式上入场。新华社记者 杜子璇 摄