China
ထိုင်ဝမ်ဒေသနှင့်စပ်လျဉ်းသော ဖိလစ်ပိုင်ခေါင်းဆောင်၏ ပြောကြားချက်နှင့်အပေါ် သတင်းထောက်မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖြေကြား

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ဒေသနှင့်စပ်လျဉ်းသော ဖိလစ်ပိုင်ခေါင်းဆောင်၏ ပြောကြားချက်အပေါ် သတင်းထောက် မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၈ ရက်တွင် ဖြေကြားခဲ့သည်။
သတင်းဖော်ပြချက်အရ ဖိလစ်ပိုင်ခေါင်းဆောင်သည် အိန္ဒိယသို့ ခရီးစဉ်သွားရောက်နေစဉ်အတွင်း တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် အကယ်၍ တရုတ်-အမေရိကန်က ထိုင်ဝမ်အရေးကိစ္စတွင် အတိုက်အခံဖြစ်လာပါက ဖိလစ်ပိုင်အနေဖြင့် မပါဝင်၍မရကြောင်း၊ ယင်းသည် ဖိလစ်ပိုင်၏ ပထဝီတည်နေရာက အဆုံးအဖြတ် ပေးထားခြင်းဖြစ်ကြောင်း၊ အကယ်၍ (ထိုင်ဝမ်ရေလက်ကြားတွင်) ဘက်စုံစစ်ပွဲဖြစ်ပွားပါက ဖိလစ်ပိုင်သည်လည်း ယင်းအထဲပါဝင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိပိုင်နက်မြေနှင့် အချုပ်အခြာအာဏာအား မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်ဝမ်ဒေသ၌ ဖိလစ်ပိုင်ပြည်သူ အမြောက်အမြားရှိကြောင်း၊ (အကယ်၍ ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲဖြစ်ပွားပါက) ယင်းသည် လူသားချင်းစာနာမှုအရေးကိစ္စတစ်ခု ချက်ချင်းဖြစ်လာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် မဖြစ်မနေပါဝင်၍ ဖိလစ်ပိုင်နိုင်ငံသားများအား ပြည်တွင်းသို့ ခေါ်ယူရန်စီစဉ်ရမည်ဖြစ်ကြောင်း၊ ယင်းသည် မိမိတို့ဂရုအပြုဆုံးအကြောင်းအရာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အရင်းအမြစ်အားလုံးအသုံးပြု၍ ထိုင်ဝမ်ဒေသရှိ ဖိလစ်ပိုင်ပြည်သူများအား ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ရာ ယင်းသည် အသေးအဖွဲကိစ္စ တစ်ခုမဟုတ်ကြောင်း ဖြေကြားခဲ့သည်ဟုတွေ့ရှိရကာ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများအနက်မှ ဗဟိုအချက်အချာဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးကိစ္စအား မည်ကဲ့သို့ဖြေရှင်းမည်နည်းမှာ တရုတ်ပြည်သူများ၏ ကိုယ်ပိုင်ကိစ္စဖြစ်ကာ အခြားသူများ ဝင်ပါရန်မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် “တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာလက်ကိုင်ထားပြီး ထိုင်ဝမ်ဒေသက တရုတ်ပိုင်နက်မြေရဲ့ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်တာကို အသိအမှတ်ပြုပြီး တရုတ်နိုင်ငံအစိုးရက နိုင်ငံတော်ပေါင်းစည်းမှု ဖော်ဆောင်ရန်အတွက် ကြိုးပမ်းမှုမှန်သမျှကို နားလည်တယ်” ဟု တရုတ်နိုင်ငံအစိုးရအပေါ် တည်ကြည်လေးနက်စွာ ကတိပြုခဲ့ဖူးကြောင်း၊ “ဖိလစ်ပိုင်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးပါတယ်။ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး တရုတ်ပြည်သူတွေ ကိုယ်တိုင်ဖြေရှင်းရမယ်” ဟု ဖိလစ်ပိုင်ခေါင်းဆောင်ကလည်း တရုတ်ဘက်ထံသို့ အတိအလင်းပြောကြားခဲ့ဖူးကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အဆိုပါပြောဆိုချက်များသည် နားတွင်စွဲထင်နေဆဲဖြစ်ပြီး စာသားဖြင့် ရေးသားထားခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က လက်ရှိတွင်မူ မိမိပြောဆိုချက်ကို မိမိဘာသာချေပ၍ နောက်ဆက်တွဲရလဒ်ကို မငဲ့ကွက်ဘဲ မှားယွင်းပြီး ရန်စသော ပြောဆိုလုပ်ဆောင်ချက်များ ဆက်လက် လုပ်ဆောင်နေကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အနက်အဓိပ္ပာယ်လျော့ပါးလာအောင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးကို ပျက်စီးအောင် အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြတ်သားစွာကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ယင်းနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်ထံ အလေးအနက်ထား ကန့်ကွက်သည်ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ပထဝီတည်နေရာချင်း နီးစပ်ခြင်း” ၊ “မိမိနိုင်ငံနွယ်ဖွားပြည်သူများ များပြားခြင်း” သည် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် သူတစ်ပါးနိုင်ငံ အချုပ်အခြာအာဏာရေးရာများတွင် ဝင်ပါသည့် အကြောင်းပြချက် မဟုတ်ကြောင်း၊ ထိုကဲ့သို့သော သဘောထား အပြောအဆိုများသည် နိုင်ငံတကာဥပဒေနှင့် အာဆီယံ ပဋိညာဉ်စာတမ်းကို ချိုးဖောက်နေရုံသာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် မိမိနိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားကိုလည်း ပျက်စီးစေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး ကြေညာချက် စိတ်ဓာတ်ကို လက်တွေ့ကျကျလိုက်နာရန်၊ တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကိစ္စများတွင် မီးနှင့်ဆော့ကစားမှု မပြုလုပ်ရန် တိုက်တွန်းကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
外交部发言人就菲律宾领导人涉台言论答记者问
新华社北京8月8日电 外交部发言人8日就菲律宾领导人涉台言论答记者问。
有记者问:据报道,菲律宾领导人访问印度期间接受采访时称,如果中美在台湾问题上发生对抗,菲律宾不可能置身事外,这完全是由菲地理位置决定。如(台海)发生全面战争,菲律宾势必会被卷入其中。我们将不得不保卫自身领土和主权。此外,台湾有大量菲公民,(如果台海发生战争)这将立即成为一个人道主义问题,我们将不得不介入,设法将菲公民接回国内,这是我们最关切的问题。我们将调动一切资源撤离在台菲公民,这不是一件小事。请问中方有何评论?
发言人表示,世界上只有一个中国,台湾是中国不可分割的一部分。台湾问题是中国的内政,是中方核心利益中的核心。如何解决台湾问题是中国人自己的事,不容他人置喙。
发言人说,菲律宾政府曾对中方作出郑重承诺,“坚持一个中国政策,承认台湾是中国领土不可分割的一部分,理解中国政府为实现国家统一所作的努力”。菲律宾领导人也曾向中方明确表示“菲律宾坚定奉行一个中国政策,台湾问题纯属中国内政,必须由中国人自己解决”。这些话言犹在耳、白纸黑字,菲方当前却在自食其言,罔顾后果,持续采取错误和挑衅言行,持续虚化掏空一个中国原则,持续损害中菲关系。中方对此坚决反对,中国外交部和中国驻菲律宾使馆已就此向菲方提出严正交涉。
发言人表示,“地理邻近”“侨民众多”不是一国干涉他国内政和染指他国主权事务的借口。这种论调不仅违反国际法和东盟宪章,也损害地区和平稳定和本国人民根本利益。中方敦促菲方切实恪守一个中国原则和中菲建交公报精神,不要在中方核心利益问题上玩火。(完)