Asia
ပြင်ပစိန်ခေါ်မှုများအကြား မလေးရှား လုပ်သားစျေးကွက် ဆက်လက်ကြံ့ကြံ့ခံနိုင်မည်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

ကွာလာလမ်ပူ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
မလေးရှား နိုင်ငံ၏ လုပ်သားစျေးကွက်သည် ပထမနှစ်ဝက်တွင် ဆက်လက်တိုးတက်မှုများရှိခဲ့ပြီးနောက် ပြင်ပ အတားအဆီးများစိန်ခေါ်မှုများအလယ်တွင် ဆက်လက်ကြံ့ကြံ့ခံ့နိုင်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း ထားသည်။မလေးရှားနိုင်ငံ၏ လုပ်သားစျေးကွက်သည် ပြင်ပစိန်ခေါ်မှုများပြားလာခြင်းအပေါ် ဆက်လက်ကြံ့ကြံ့ခံနိုင်မှုအား ဖော်ပြနေပြီး ပြင်ပဖိအားများကို ခံနိုင်ရည်ရှိကြောင်း Hong Leong ရင်းနှီးမြှုပ်နှံမှုဘဏ်က သြဂုတ် ၁၂ ရက်၌ မှတ်တမ်းတစ်ခုတွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် Maybank ရင်းနှီးမြှုပ်နှံမှုဘဏ်ကလည်း ပြင်ပမသေချာမရေရာမှုများရှိသော်လည်း ပြည်တွင်းသုံးစွဲမှု အလားအလာကောင်းများရှိသောကြောင့် မလေးရှားနိုင်ငံ၏ အလုပ်အကိုင်စျေးကွက် တည်ငြိမ်မည်ဟု ပြောကြားခဲ့သည်။
Maybank က မလေးရှားနိုင်ငံ၏ တစ်နှစ်တာ ပျမ်းမျှအလုပ်လက်မဲ့နှုန်းကို ၂၀၂၅ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းမှ ၃.၁ ရာခိုင်နှုန်းအထိ လျှေ့ာချပေးနိုင်ခဲ့သည်။ ပထမနှစ်ဝက်အတွက် မလေးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၃ ရာခိုင်နှုန်းတွင် ရပ်တည်လျက် ရှိကြောင်း သိရသည်။
MBSB သုတေသနက အလုပ်အကိုင်ခန့်ထားမှုမြင့်မားခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လုံလုံလောက် လောက်ရှိခြင်းတို့ကြောင့် မလေးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ပျှမ်းမျှ ၃ ရာခိုင်နှုန်းအောက် ဝန်းကျင်တွင်သာ ရှိမည်ဟု မှတ်တမ်းတွင် ပြောကြားခဲ့သည်။
ကြံ့ကြံ့ခံသော ပြည်တွင်းစားသုံးမှုနှင့် တည်ငြိမ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များကြောင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် အလုပ်သမားလိုအပ်ချက်အားကောင်းဖွယ်ရှိကြောင်း သုတေသနဌာနက ဆိုသည်။
သို့သော်လည်း စည်းကြပ်ခွန်နှင့်ဆက်စပ်သည့် အတားအဆီးများက ကမ္ဘာတစ်ဝန်း လိုအပ်ချက်ကို အားနည်းစေပြီး ကုန်စည်တင်ပို့မှုနှင့် လူသုံးကုန်နှင့်ဆက်စပ်သည့်ကဏ္ဍ၌ ငှားရမ်မှုကိုမူ အားလျော့စေသည်ဟု ၎င်းက ထင်မြင်ချက်ပေးခဲ့သည်။ (Xinhua)
———————————
(English Version)
Malaysia’s labor market to remain resilient amid external challenges: economists
KUALA LUMPUR, Aug. 12 (Xinhua) — Economists have foreseen Malaysia’s labor market will remain resilient amid external headwinds after the country’s labor market continued to improve in the first half.
Hong Leong Investment Bank said in a note on Tuesday that Malaysia’s labor market continued to demonstrate resilience against mounting external headwinds, suggesting that it remained relatively insulated from external pressures.
Meanwhile, Maybank Investment Bank also said on Tuesday that it foresees steady job market for Malaysia despite external uncertainties, due to the positive outlook for domestic consumption.
Maybank trimmed Malaysia’s full-year average jobless rate to 3.1 percent from 3.2 percent in 2025. For the first half, Malaysia’s unemployment rate stood at 3 percent.
MBSB Research also said in a note on Monday that it expects Malaysia’s unemployment rate to average lower around 3 percent in 2025, supported by higher employment and sustained job opportunities, particularly in the services sector.
“Job creation and strong labor demand will likely be driven by resilient domestic consumption and steady investment activity,” said the research house.
However, it opined that tariff-related disruptions could dampen global demand and weigh on hiring in export- and commodity-linked sectors.
Photo: This photo taken on April 13, 2025 shows the cityscape of Kuala Lumpur, Malaysia. (Xinhua/Yao Dawei)