China
၁၉၉၅ ခုနှစ်နောက်ပိုင်း မွေးဖွားသော အမြင်အာရုံချို့တဲ့သူ စာရေးဆရာမ လီယဉ်- “ရေးလိုက်တဲ့ စာလုံးတစ်လုံးစီတိုင်းကို အဝေးသို့ အပြေးအလွှားတက်လှမ်းနေတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေအဖြစ် သဘောထားတယ်”

နန်နင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
“စာရေးတာက မင်းအတွက် ဒီလောက်ခက်ခဲတာ၊ မင်းဘာလို့ စွဲစွဲမြဲမြဲ ဇွဲကောင်းနေရသေးလဲ”
ဤကဲ့သို့မေးခွန်းများကို ရင်ဆိုင်ရသည့်အခါ လီယဉ်က “မသန်စွမ်းသူ တစ်ယောက်အတွက်ဆိုရင် ဘယ်အလုပ်ကမှ မလွယ်ပါဘူး။ စာရေးတာက အဓိပ္ပာယ်ပြည့်ဝတဲ့ ကိစ္စဖြစ်သလို ကျွန်မရဲ့ ဝါသနာ၊ ကျွန်မရဲ့ ပျော်မွေ့ရာဖြစ်တယ်၊ တစ်ချိန်တည်းမှာပဲ ကျွန်မကိုယ့်ကိုယ်ကုစားတာလည်း ဖြစ်တယ်” ဟု ဖြေကြားလေ့ရှိသည်။
၁၉၉၅ ခုနှစ် နောက်ပိုင်းဖွား လီယဉ်ကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟိန်ကျိုးမြို့တွင် မွေးဖွားခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် အခြားသက်တူရွယ်သူကလေးများကဲ့သို့ပင် ပျော်ရွှင်ချမ်းမြေ့ဖွယ်အချိန်များကို ပိုင်ဆိုင်ခဲ့သည့် ၎င်းသည် ကံမကောင်း အကြောင်းမလှစွာဖြင့် ထောင့်ပွင့်ရေတိမ် (Open-angle glaucoma) ဖြစ်ပြီး နောက်ဆုံးတွင် မျက်စိနှစ်ဖက် အလင်းကွယ်ခဲ့ရသည်။ အလယ်တန်းကျောင်း တစ်နှစ်နားလိုက်ပြီးနောက် ၎င်းသည် မိမိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကြိုးစားမှုဖြင့် ပညာရေးကို ရှေ့ဆက်လျှောက်လှမ်းခဲ့ရာ မျက်မမြင်အထက်တန်းကျောင်းကို ဖြေဆိုနိုင်ခဲ့သည်။ အထက်တန်းကျောင်း အောင်ပြီးနောက် ဆေးတက္ကသိုလ်ကျောင်းတစ်ကျောင်းဝင်ခွင့်ရခဲ့ရာ ဆေးတက္ကသိုလ်ဘွဲ့နှင့် စာပေဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
လီယဉ်သည် အလယ်တန်းမှစ၍ စာပေကို အထူးနှစ်ခြိုက်ဝါသနာပါခဲ့သည်။ မျက်စိနှစ်ဖက်အလင်းကွယ်ပြီးနောက် မိခင်ဖြစ်သူသည် ၎င်း၏မျက်စိတစ်စုံအဖြစ် စာအုပ်စာပေများစွာကို ကူညီဖတ်ရှုပေးခဲ့သည်။
“အဲဒီအချိန်ကစပြီး ကျွန်မစာပေကို စွဲလမ်းနှစ်ခြိုက်ခဲ့ပြီး စာပေဖန်တီးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မရဲ့စွမ်းရည်အများအပြားက မျက်စိကွယ်တာနဲ့အတူ အားနည်းသွားတာ၊ ဆုံးရှုံးသွားတာရှိချိန်မှာ ကျွန်မရဲ့ စာပေရေးသားနိုင်စွမ်းက ယခင်နဲ့မတူအောင် တိုးတက်လာတယ်” ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်ကျောင်းသူဘဝကာလတွင် ၎င်းရေးသားဖန်တီးသည့် ဝတ္တုတစ်ပုဒ်သည် တရုတ်နိုင်ငံ မျက်မမြင်အသင်း စာပေပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့သည်။ ထို့နောက် ၎င်းသည် စာပေများကို မရပ်မနားတမ်း ရေးသားဖန်တီးခဲ့သည်။
“ကျွန်မရေးလိုက်တဲ့ စာလုံးတစ်လုံးစီတိုင်းကို အဝေးသို့ ပြေးလွှားတက်လှမ်းနေတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေအဖြစ် သဘောထားတယ်။ ကျွန်မရဲ့ ဘဝကောင်းကင်က နောက်ဆုံးမှာ သက်တံရောင်စဉ် ထွန်းလင်းလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တက္ကသိုလ်ဘွဲ့ရပြီးနောက် လီယဉ်သည် ဆေးရုံနှစ်ရုံသို့ ရှေ့ဆင့်နောက်ဆင့်သွားရောက်၍ နှိပ်နယ်ကုထုံး ဆရာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် အလုပ်မှ နုတ်ထွက်ကာ အိမ်တွင် အနားယူ၍ စာပေရေးသားဖန်တီးမှုများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ ယခုအခါ ၎င်းသည် တရုတ်နိုင်ငံ မျက်မမြင်အသင်း စာပေကော်မတီ ကော်မတီဝင်၊ ကွမ်ရှီးဒေသ နန်နင်းမြို့ စာရေးဆရာများအသင်း အသင်းဝင် ဖြစ်သည်။
“စာပေက ကျွန်မရဲ့ဝါသနာဖြစ်သလို ကျွန်မရဲ့ လုပ်ငန်းပါ။ အနာဂတ်မှာ ကလောင်ကို ဓားအဖြစ်အသုံးပြုပြီး စာလုံးတွေ ရေးထွင်းကာ ကျွန်မရဲ့ တောက်ပတဲ့ဘဝကို ဖွင့်လှစ်သွားမယ်” ဟု လီယဉ်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ နေအိမ်တွင် လီယဉ်က ဖုန်းဆော့ဝဲလ်မှတစ်ဆင့် စာပေလက်ရာများအား နားထောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ နေအိမ်တွင် လီယဉ် (ယာဘက်) က မိခင်ဖြစ်သူ၏ အကူအညီဖြင့် စာမူများ စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ နေအိမ်တွင် လီယဉ်က ဟင်းချက်ရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ နေအိမ်တွင် လီယဉ်က ဟင်းချက်ရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ နေအိမ်တွင် လီယဉ် (ဝဲဘက်) က အမြင်အာရုံချို့တဲ့သော ခင်ပွန်းဖြစ်သူ ရှောက်ရွှယ်မင် သီချင်းတီးခတ်သီဆိုနေသည်ကို နားဆင်နေပုံအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
图片故事丨“95后”视障作家李莹:“把敲下的每一个文字都当成我驰骋远方的脚步”
新华社照片,南宁,2025年8月14日
“写作对你来说那么艰难,你为什么还要坚持?”面对这样的问题,李莹的回答是:“对于一个残障人士来说,没有什么事是容易的。写作是一件极富意义的事,是我的爱好,是我的乐趣,同时也是自我治愈的过程。”
“95后”李莹出生在广西横州市。15岁那年,拥有和同龄孩子一样绚丽多彩欢乐时光的她,不幸患上开角型青光眼,最终导致双目失明。初中休学一年后,她凭着自己的坚强和努力继续学业,考上盲人高中,高考后被一所医学院录取,获得了医学学士和文学学士学位。
李莹从初中开始热爱文学。双目失明后,妈妈成了她的另一双眼睛,帮助她阅读了大量书籍。“从那时起,我开始着迷文学并尝试创作。在我的许多能力随着失明而退化和丧失时,我的写作能力却前所未有地提升。”大学期间,她创作的一篇小小说获得中国盲协征文比赛一等奖。此后,她没有停止文学创作,“我把敲下的每一个文字都当成我驰骋远方的脚步。我相信,我的天空,终会亮起一道彩虹。”
大学毕业后,李莹先后到两家医院从事医疗推拿师工作。2022年,由于身体等原因,她决定离职居家调养身体并专心从事文学创作。现在,她是中国盲人协会文学委员会委员、广西南宁市作家协会会员。“文学是我的爱好也是我的事业。将来,我将以笔为剑,用文字凿开我的光芒世界。”李莹说。
1. 8月13日,李莹在广西南宁市的家中写作。新华社记者 陆波岸 摄
2. 8月13日,李莹在广西南宁市的家中通过手机软件听文学作品。新华社记者 陆波岸 摄
3. 8月13日,在广西南宁市的家中,李莹(右)在妈妈的帮助下校对文稿。新华社记者 陆波岸 摄
4,5. 8月13日,李莹(前)在广西南宁市的家中洗菜准备做饭。新华社记者 陆波岸 摄
6.8月13日,在广西南宁市的家中,李莹(左)听爱人邵学明弹唱乐曲。邵学明是一名低视力视障人士。新华社记者 陆波岸 摄