Connect with us

Africa & Middle East

အီရန်နိုင်ငံ အနောက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်ရာ အနည်းဆုံး လူ ၂၀ ဒဏ်ရာရ

၂၀၁၇ ခုနှစ်က အီရန်နယ်စပ်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးမှုများ အား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် ဇူလိုင်လ ၂၂ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အီရန်ငလျင်တိုင်းတာရေးစင်တာ၏ သတင်းများအရ အဆိုပါငလျင်မှာ ဇူလိုင်လ ၂၂ ရက် ဒေသ စံတော်ချိန် ၁၄ နာရီ ၃၇ မိနစ်ခန့်တွင် Tazeh Abad ဒေသကို ဗဟိုပြုလှုပ်ခတ်သွားခြင်း ဖြစ် ကြောင်း ၊ ငလျင်သည် မြေအောက် အနက် ၈ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ၊ ၎င်းဒေသ တွင် အင်အား အသင့်အတင့်ရှိ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ချေရှိသည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

Tazeh Abad ဒေသရှိ မြို့နှစ်မြို့တွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားများပြတ်တောက်ခြင်း၊ လူသူထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားကြောင်း အီရန် နိုင်ငံပိုင်ရုပ်မြင်သံကြားထုတ်လွှင့်ချက်များအရ သိရသည်။ ငလျင်ဗဟိုချက်မှာ မြေပြင်အောက် အနက်တိမ်သောကြောင့် လှုပ်ခတ်မှုမှာပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း ၊ ငလျင်ဒဏ်ခံရသော မြို့များတွင် လမ်းများနှင့် ရေပိုက်လိုင်းများ ပျက်စီးခဲ့သလို ကျေးရွာများတွင် တောင်မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ပေးနေ ကြောင်း သိရသည်။

ထို့အပြင် အီရန်တောင်ပိုင်း Hormozganပြည်နယ်တွင်လည်း ဇူလိုင်လ ၂၂ ရက်က ပြင်းအား ၅.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ၊ လက်ရှိတွင် ၎င်းနှင့်စပ်လျဉ်း၍ သေဆုံးဒဏ်ရာရမှု အခြေအနေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း အီရန်ငလျင်တိုင်းတာရေးစင်တာက ဆိုသည်။

လွန်ခဲ့သောနှစ်ကစပြီး အီရန်တွင် ငလျင်မကြာခဏလှုပ်ခတ်ကြောင်း ၊ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ၁၂ ရက်က အီရန် အနောက်ပိုင်း နယ်စပ်ဒေသတွင် ပြင်းအား ၇.၃ အဆင့် ငလျင်လှုပ်ခတ်ရာ Kermanshahပြည်နယ်တွင် လူ ၄၇၀ ကျော် သေဆုံးပြီး ၉၀၀၀ ကျော် ဒဏ်ရာရရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117