International Organizations
ဆန်းတို့စ် သမိုင်းဝင်ရှုံးနိမ့်ပြီးနောက် မန်နေဂျာ ဇာဗီယာကို ထုတ်ပယ်

ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေလိဂ်တွင် ဗာစကို ဒဂါးမားကို အိမ်ကွင်းတွင် ၆-၀ ဖြင့် စံချိန်ချိုးကာ ရှုံးပြီးနောက် ဆန်းတို့စ်အသင်းက မန်နေဂျာ ကလီဗာ ဇာဗီယာကို သြဂုတ် ၁၇ ရက်၌ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
အဆိုပါရှုံးပွဲမှာ ဘရာဇီးလိဂ် စီးရီးအေပြိုင်ပွဲ ပွဲစဥ်တစ်ခု၌ ဆန်းတို့စ်၏ အိမ်ကွင်းတွင် အပြင်းထန်ဆုံး ရှုံးပွဲဖြစ်ပြီး နှစ်ဖက်အသင်းကြား ၉၈ နှစ်ကြာ တွေ့ဆုံမှုအတွင်း ဗာစကိုနှင့် အကြီးမားဆုံး ရှုံးပွဲလည်းဖြစ်သည်။
“ဆန်းတို့စ်အသင်းအနေဖြင့် နည်းပြ ကလီဗာ ဇာဗီယာ၏ ထွက်ခွာမှုကို ကြေညာလိုက်ပါကြောင်း” စီးရီးအေလိဂ်၏ ထိပ်တန်းချန်ပီယံနေရာကို ရှစ်ကြိမ်ရရှိထားသော ဆန်းတို့စ်အသင်းက ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ “နည်းပြမှ ပေးခဲ့သော ဝန်ဆောင်မှုများကို ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်၌ ကံကောင်းစေရန် ဆုမွန်ကောင်းတောင်းလိုက်ကြောင်း” ဖော်ပြခဲ့သည်။
ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြဟောင်း Tite ၏ လက်ထောက်ဟောင်း ဇာဗီယာက ဧပြီလ၌ ပေါ်တူဂီနည်းပြ Pedro Caixinha နေရာတွင် အစားထိုးဝင်လာခဲ့ပြီးနောက် ဆန်းတို့စ်အသင်းမှာ ငါးပွဲနိုင်ကာ လေးပွဲသရေကျခဲ့ပြီး ခြောက်ပွဲရှုံးခဲ့သည်။
ဩဂုတ် ၁၇ ရက်က ပွဲရလဒ်က နေမာ၏ ကစားသမားဘဝ အကြီးမားဆုံး ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ကစားသမား နေမာက ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ၎င်း၏ အထင်ကြီးဖွယ်ရာ စွမ်းဆောင်ချက်များဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်း အသင်းအား အမှတ်ပေးဇယား၌ အဆင့်တက်လာစေရန် ကူညီပေးလာခဲ့သည်။
မိုရမ်ဘီအားကစားကွင်းတွင် ဩဂုတ် ၁၇ ရက်က ယှဉ်ပြိုင်ကစားသည့် အဆိုပါပွဲ၏ နောက်ပိုင်းအချိန်များ၌ ဆန်းတို့စ်ပရိသတ်များက ဗာစကိုအသင်း၏ ဂိုးရရှိမှုများကို အားပေးခဲ့ကာ အချိန်ပိုတွင် ပွဲအား စိတ်မဝင်စားကြတော့ပေ။
ဆန်းတို့စ်အသင်းက ယခုအခါ ဘရာဇီး၏ စီးရီးအေအသင်း ၂၀ တွင် အဆင့် ၁၅ ၌ ရပ်တည်နေပြီး ၁၉ ပွဲကစားထားကာ ၂၁ မှတ်ရရှိထားသည်။
၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များ၌ ဆန်းတို့စ်အသင်းအတွက် နည်းပြအဖြစ် အခိုက်အတန့်တာဝန်ယူခဲ့ဖူးသည့် အာဂျင်တီးနားအသင်းနှင့် ချီလီအသင်းတို့၏ နည်းပြဟောင်း ဂျော့ဂျ် ဆမ်ပါအိုလီက ဇာဗီယာနေရာ၌ အစားဝင်ရန် ရှေ့ပြေးနေကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Santos sacks manager Xavier after historic loss
RIO DE JANEIRO, Aug. 17 (Xinhua) — Santos sacked manager Cleber Xavier on Sunday after a record-breaking 6-0 home loss to Vasco da Gama in Brazil’s Serie A.
It was Santos’ heaviest home defeat in a Brazilian league match and was its biggest losing margin against Vasco in 98 years of meetings between the clubs.
“Santos announces the departure of coach Cleber Xavier,” the eight-time Brazilian top-flight champion said in a social media post. “The club appreciates the services provided by the coach and wishes him luck in the future.”
Xavier, a former assistant to Brazil national team boss Tite, led Santos to five wins, four draws and six losses after replacing Portuguese coach Pedro Caixinha in April.
Sunday’s result also marked the biggest loss of Neymar’s career. The 33-year-old had helped the club rise up the table in recent weeks with some impressive individual performances following his return from injury.
In the latter stages of Sunday’s match at Morumbi stadium, Santos fans cheered Vasco’s goals and turned their backs to the pitch for extended periods.
Santos is now 15th in Brazil’s 20-team Serie A standings with 21 points from 19 games.
Former Argentina and Chile manager Jorge Sampaoli, who had a spell in charge of Santos in 2018 and 2019, is the frontrunner to replace Xavier. ■
English Caption
Neymar (c) reacting after the match against Fluminense at Maracana Stadium in Rio de Janeiro, Brazil, April 13, 2025. (Xinhua/Claudia Martini)