Connect with us

Asia

၁၅၆ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ စတင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲတပ်ဖွဲ့ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော တရုတ်ဘက် ဥပဒေစိုးမိုးရေးရေယာဉ်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yunnan Public Security Department's marine patrol team)

ကူမင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်ဘက်၏ ၅၃၁၀၁၊ ၅၃၁၀၈ နှင့် ၅၃၁၀၉ ရေယာဉ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး အစီအစဉ်အတိုင်း မဲခေါင်မြစ်၌ သတ်မှတ်ထားသောရေပြင်သို့ သွားရောက်၍ လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံတို့မှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများနှင့် ပူးပေါင်းကာ ၁၅၆ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများအား အဓိကထားသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လှုပ်ရှားမှုများစွာကို ဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံလေးနိုင်ငံမှ စုစုပေါင်း တရားဥပဒေစိုးမိုးရေးရေယာဉ် ၇ စင်းနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၀၀ ကျော် စေလွှတ်ကာ ပါဝင်ဆောင်ရွက်ခဲ့သည်။
အစောပိုင်းတွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံလေးနိုင်ငံမှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများသည် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး၊ တရားဥပဒေစိုးမိုးရေး ပူးတွဲကွပ်ကဲရေးဌာန၌ ကွပ်ကဲရေးမှူးများအစည်းအဝေး ကျင်းပကာ ခရီးစဉ်တစ်လျှောက် ပူးတွဲကင်းလှည့်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အပိုင်းလိုက်ရေကြောင်းကင်းလှည့်ရေး၊ ပူးတွဲစခန်းချလေ့ကျင့်ရေး စသည့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်ခဲ့ပြီး သဘောတူညီမှုရရှိခဲ့သည်။
အဆိုပါအစည်းအဝေးကာလအတွင်း နိုင်ငံလေးနိုင်ငံက အစည်းအဝေးသဘောတူညီချက်များအရ ပူးတွဲကင်းလှည့်ရေး၊ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများစွာကို တက်တက်ကြွကြွ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကာ ရည်မှန်းချက်လုပ်ငန်းတာဝန်များအားလုံး ပြီးပြည့်စုံစွာ အောင်မြင်ရေးကို သေချာစေမည်ဟု တစ်သားတည်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စိတ်ဓာတ်ကို အလေးအနက်ထား လက်တွေ့ဖော်ဆောင်ကာ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး၊ တရားဥပဒေစိုးမိုးရေး ယန္တရားမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ ပူးတွဲ တရားဥပဒေစိုးမိုးရေးစွမ်းဆောင်ရည်ကို အဆက်မပြတ် မြှင့်တင်ရန်၊ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှု စသည့် နယ်စပ်ဖြတ်ကျော်ပြစ်မှု လှုပ်ရှားမှုအမျိုးမျိုးကို စုပေါင်းတိုက်ဖျက်ပြီး မြစ်ဝှမ်းဒေသ လုံခြုံကာကွယ်ရေးစည်းကို ခိုင်မာစွာတည်ဆောက်ကာ ရေကြောင်းလမ်း လုံခြုံတည်ငြိမ်ရေးကို အပြည့်အဝထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်ကြမည်ဖြစ်သည်။
လှုပ်ရှားမှုကာလအတွင်း နိုင်ငံလေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများသည် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းတွင် သတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ၏ လက်ရှိ လုံခြုံရေးအခြေအနေကို အပြန်အလှန် အကြောင်းကြား၍ ပူးတွဲ စီမံခန့်ခွဲရေး အစီအမံများနှင့် နောက်တစ်ဆင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကလုပ်ငန်းများကို အတူတကွ ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။ တရုတ်-လာအို-မြန်မာ သုံးနိုင်ငံသည် မဲခေါင်မြစ်ရှိ အဓိကကျသော ထိလွယ်ရှလွယ်သည့် ရေပြင်များတွင် ပူးတွဲ ကင်းလှည့်ရေး၊ အခြေချလေ့ကျင့်ရေးတာဝန်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်ဘက်မှလည်း တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးဆိုင်ရာ လာအိုနိုင်ငံ မောင်မိုနှင့် ပန်ရှန်ကော် ဆက်သွယ်ရေးစခန်းရှိ တရုတ်ဘက်မှ တာဝန်ထမ်းဆောင်နေသော တပ်ခွဲများက အလှည့်ကျတာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
ယခုအကြိမ်လှုပ်ရှားမှုတွင် တရုတ်ဘက်၏ ၅၃၁၀၉ ရေယာဉ်သည် ပထမအကြိမ် ပူးတွဲကင်းလှည့်ရေး၊ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြစ်ကြောင်း၊ အဆိုပါရေယာဉ်သည် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှု၏ အမှန်တကယ်လိုအပ်ချက်များအရ အသစ်တည်ဆောက်ခဲ့သော စတုတ္ထမျိုးဆက် ဥပဒေစိုးမိုးရေးရေယာဉ်ဖြစ်ပြီး ယခုနှစ် ဇူလိုင် ၉ ရက်တွင် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲတွင် တရားဝင်လွှဲပြောင်းပေးခဲ့ပြီး တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
第156次中老缅泰湄公河联合巡逻执法行动启动
新华社昆明8月19日电(记者王研、胡了然)8月19日上午9时许,中方53101艇、53108艇、53109艇从云南省西双版纳傣族自治州景哈警务码头起航,将按计划前往湄公河既定水域与老缅泰三国有关执法部门联合开展以第156次中老缅泰湄公河联合巡逻执法行动为主的系列执法活动。中老缅泰四方共派出7艘执法艇和100余名执法队员参加。
前期,中老缅泰四国有关执法部门在中老缅泰湄公河联合巡逻执法联合指挥部召开指挥官联席会议,研定全线联巡执法、分段巡航、联合驻训等执法行动有关事宜,并达成共识。会议期间,四方一致表示,将按照会议共识积极开展好系列联合执法行动,确保各项目标任务圆满完成。同时,将认真落实澜沧江—湄公河合作第十次外长会精神,在中老缅泰湄公河联合巡逻执法机制框架下进一步深化合作,不断提升联合执法能力,合力打击网络赌博、电信诈骗、制毒贩毒等各类跨境犯罪活动,筑牢流域安全防线,全力维护航道安全稳定。
同时,将认真落实澜沧江—湄公河合作第十次外长会精神,在中老缅泰湄公河联合巡逻执法机制框架下进一步深化合作,不断提升联合执法能力,合力打击网络赌博、电信诈骗、制毒贩毒等各类跨境犯罪活动,筑牢流域安全防线,全力维护航道安全稳定。
行动期间,四国执法部门将在缅甸万崩召开信息交流会,相互通报湄公河流域近期治安形势,共商联合治理举措和部署下一步执法合作重点工作。中老缅三方将在湄公河重点敏感水域开展联巡驻训任务。中方还将开展中老缅泰湄公河联合巡逻执法驻老挝孟莫、班相果联络点中方驻勤分队轮换工作。
据悉,此次行动中,中方53109艇属首次参加联合巡逻执法。该艇是云南省公安厅根据中老缅泰湄公河联合巡逻执法行动实际需求新建的第四代执法船艇,于今年7月9日在西双版纳正式交接入列。(完)
图说:8月19日,中方执法艇从云南西双版纳景哈警务码头起航。(云南省公安厅水上巡逻总队供图)