China
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ စစ်ရေးပြအခမ်းအနား၌ မျိုးဆက်သစ် စစ်လက်နက်ပစ္စည်းများကို ထုတ်ဖော်ပြသမည်

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ စစ်ရေးပြအခမ်းအနား၌ စတုတ္ထမျိုးဆက် တင့်ကားများနှင့် လေယာဉ်များ၊ လူထိန်းချုပ်ရန်မလိုသည့် ထောက်လှမ်းရေး ကိရိယာများ၊ ဒရုန်းတန်ပြန်ထောက်လှမ်းရေး ကိရိယာများနှင့် ဟိုက်ပါဆိုးနစ်ဒုံးကျည် အပါအဝင် အဆင့်မြင့် ဒုံးလက်နက်များ စသည့် မျိုးဆက်သစ် စစ်လက်နက်ပစ္စည်း အမျိုးမျိုးကို ထုတ်ဖော်ပြသသွားမည်ဟု တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၀ ရက်၌ ပြောကြားခဲ့သည်။
ထုတ်ဖော်ပြသမည့် စစ်လက်နက်ပစ္စည်း အားလုံးမှာ ပြည်တွင်း၌ ထုတ်လုပ်ထားခြင်းဖြစ်ကာ တမ်းပြည့် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ပူးတွဲကွပ်ကဲရေးဌာနချုပ်မှ အကြီးတန်းအရာရှိ ဝူကျယ်ခဲက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ စစ်လက်နက်ပစ္စည်းများမှာ အဓိကအားဖြင့် တင့်ကား၊ သင်္ဘောအခြေပြု လေယာဉ်နှင့် ဂျက်တိုက်လေယာဉ် အမျိုးအစားသစ်များ စသည့် စတုတ္ထမျိုးဆက် စစ်လက်နက်ပစ္စည်း အမျိုးအစားသစ်များ ပါဝင်ကြောင်း ဝူက ဖြည့်စွက်ပြောကြားခဲ့သည်။ စစ်ဆင်ရေးအင်္ဂါရပ်များနှင့်အညီ ပြင်ဆင်ထားမည့် စစ်ရေးပြစစ်ကြောင်း စုဖွဲ့မှုပုံစံများက တရုတ်တပ်မတော်၏ နည်းစနစ်အခြေပြု စစ်ဆင်ရေးစွမ်းရည်များကို မီးမောင်းထိုးပြလျက်ရှိသည်။
လူထိန်းချုပ်ရန်မလိုသည့် မြေပြင်၊ ရေပြင်နှင့် ဝေဟင်အခြေပြု ထောက်လှမ်းရေး ကိရိယာများနှင့် ဒရုန်းတန်ပြန်ထောက်လှမ်းရေး ကိရိယာများအပြင် ဒရုန်းအမျိုးအစားသစ်များ၊ directed-energy weapons (DEWs) လက်နက်စနစ်များနှင့် အီလက်ထရွန်းနစ် ဖိဖျက်စနစ်များကဲ့သို့သော ဆိုက်ဘာ-အီလက်ထရွန်းနစ် တိုက်ခိုက်ရေးအင်အားများကိုလည်း ထုတ်ဖော်ပြသသွားမည်ဟု သိရသည်။
ထို့ပြင် အဆိုပါ စစ်ရေးပြအခမ်းအနား၌ ဟိုက်ပါဆိုးနစ်ဒုံးကျည်နှင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ်များ၊ မဟာဗျူဟာမြောက် ဒုံးကျည်များ စသည့် အခြားသော အဆင့်မြင့် စစ်လက်နက်ကိရိယာ အမျိုးအစားများလည်း ပါဝင်မည်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။
စစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသမည့် စစ်လက်နက်ကိရိယာများမှာ ထောက်လှမ်းရေးနှင့် သတင်းအချက်အလက်အဖြစ် အသွင်ပြောင်းနိုင်မှု အဆင့်အတန်း မြင့်မားသည့်အတွက် သိပ္ပံနှင့်နည်းပညာ ထွန်းကားမှု၊ စစ်ပွဲအသွင်ပုံစံများ ဆင့်ကဲပြောင်းလဲလာမှုအား ချိန်ညှိပြင်ဆင်နိုင်စွမ်း၊ အနာဂတ် စစ်ပွဲများအား အောင်နိုင်စွမ်းရှိသည်ကို အပြည့်အဝ ပြသလိမ့်မည်ဟု ၎င်းက ဆိုသည်။ (Xinhua)

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ စစ်ရေးပြအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ပူးတွဲကွပ်ကဲရေးဌာနချုပ်မှ အကြီးတန်းအရာရှိ ဗိုလ်ချုပ်ဝူကျယ်ခဲ ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………….
(English Version)
China to display new-generation armaments in V-Day military parade
BEIJING, Aug. 20 (Xinhua) — China will showcase a series of new-generation armaments during the upcoming V-Day military parade in Beijing, such as fourth-generation tanks and aircraft, unmanned intelligence and counter-unmanned equipment, and advanced missiles including hypersonic ones, said an official on Wednesday.
All the armaments to be displayed are domestically made and in active service, said Wu Zeke, a senior officer of the Joint Staff Department of the Central Military Commission, at a press conference.
Wu added that these armaments are composed mainly of new-type fourth-generation equipment, such as new-type tanks, ship-borne aircraft and fighter jets. Organized according to combat modules, these formations highlight the Chinese military’s systems-based operational capabilities.
A series of land, sea and air unmanned intelligent and counter-unmanned equipment, as well as cyber-electronic combat forces, such as new-type drones, directed-energy weapons and electronic jamming systems, will also be displayed, he said.
In addition, the parade will feature other types of advanced equipment such as hypersonic and air defense anti-missile equipment and strategic missiles — which will demonstrate China’s powerful strategic deterrence capability, Wu noted.
With a high level of informatization and intelligence, the weapons and equipment to be displayed will fully demonstrate the strong capability of the Chinese armed forces to adapt to sci-tech development and the evolution of war forms, and to win future wars, he said. ■
English Caption 1
Participants take part in a training for the upcoming V-Day military parade in Beijing, capital of China, Aug. 12, 2025. (Xinhua/Zhang Cheng)
English Caption 2
Major General Wu Zeke, a senior officer of the Joint Staff Department of the Central Military Commission, speaks during a press conference on V-Day military parade preparations held by the State Council Information Office in Beijing, capital of China, Aug. 20, 2025. (Xinhua/Li Xin)