China
မကာအို နိုင်ငံတကာမီးရှူးမီးပန်း ပြိုင်ပွဲ စက်တင်ဘာတွင် တစ်လကြာ ပြုလုပ်မည်

မကာအို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
၃၃ ကြိမ်မြောက် မကာအို နိုင်ငံတကာ မီးရှူးမီးပန်းပြိုင်ပွဲ ကို စက်တင်ဘာ ၆ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ မီးရှူးမီးပန်း ကုမ္ပဏီ ၁၀ ခုက မြို့တော်၏ ညကောင်းကင်ယံကို ထွန်းလင်း တောက်ပစေမည် ဟု စီစဥ်သူများက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ယခုပွဲကို စီစဥ်သည့် မကာအို အထူးစီမံအုပ်ချုပ်ခွင့်ရဒေသအစိုးရ ခရီးသွားလာရေးရုံး(MGTO) က ယခုပွဲတော် တွင် သြစတြေးလျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ သြစတြီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ တရုတ်၊ ပေါ်တူဂီ၊ ဗြိတိန် နှင့် ဘရာဇီး နိုင်ငံတို့မှ ကုမ္ပဏီများက စက်တင်ဘာ ၆ ရက်၊ ၁၃ ရက်၊ ၂၀ ရက်နှင့် အောက်တိုဘာ ၁ ရက်၊ အောက်တိုဘာ ၆ ရက် များတွင် Macao Tower အနီး ပင်လယ်ပြင်ထက်တွင် ၁၈ မိနစ်ကြာ ပြသမှု၌ပါဝင် ယှဥ်ပြိုင်ကြမည်ဖြစ်သည်။
MGTO ညွှန်ကြားရေးမှူး Maria Helena de Senna Fernandes က ယခုနှစ် ပါဝင်သည့်အသင်းများအားလုံး သည် ဆုရရှိခဲ့ကြသည့် ကုမ္ပဏီများဖြစ်ပြီး အဆင့်မြင့်တင်ဆက်ပြသမှုများဖြင့် ဖမ်းစားမည် ဟု အာမခံထားကြောင်း ပြောကြားခဲ့သည်။ ယခုပြိုင်ပွဲသည် ခရီးသွားလုပ်ငန်းနှင့်ပြိုင်ပွဲပေါင်းစပ်မှု ရည်မှန်းချက်အဖြစ် မကာအို၏ ဆွဲ ဆောင်မှု နှင့် ညပိုင်းသွားလာ လှုပ်ရှားမှု များ တိုးတက်စေပြီး ဒေသစီးပွားရေးကို နှိုးဆွပေးမည့် ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းရုံး အဆိုအရ မကာအိုနိုင်ငံတကာမီးရှူးမီးပန်းပြိုင်ပွဲ သည် ၁၉၈၉ ခုနှစ် ကတည်းကစ၍ မကာအို၏ ဂုဏ်သတင်းကြီးသော လုပ်ဆောင်ချက်တစ်ခုအဖြစ် တိုးတက်ဖွံဖြိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Month-long Macao int’l fireworks contest to commence in September
MACAO, Aug. 21 (Xinhua) — The 33rd Macao International Fireworks Display Contest will run from Sept. 6 to Oct. 6, bringing 10 top fireworks companies from around the world to light up the city’s night sky, the organizer said on Thursday.
The Macao Special Administrative Region (SAR) government Tourism Office (MGTO), the event’s organizer, noted that companies from Australia, South Africa, South Korea, Austria, the Philippines, Japan, China, Portugal, Britain, and Brazil will compete in 18-minute displays above the sea across Macao Tower on Sept. 6, 13, 20, and Oct. 1 and 6.
MGTO Director Maria Helena de Senna Fernandes said that all participating teams this year are award-winning companies, promising “dazzling, high-level displays.” She added that the contest will showcase Macao’s charm as a destination for “tourism+events,” enrich nocturnal activities, and stimulate the local economy.
According to the tourism office, the Macao International Fireworks Display Contest has developed into a prestigious event of Macao since 1989.
Photo : Fireworks illuminate the sky in Macao, south China, Dec. 25, 2024. (Xinhua/Cheong Kam Ka)