Connect with us

Asia

ဝမ်ရိနှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးသံတမန် Park Byeong-seug တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တောင်ကိုရီးယား သမ္မတ၏ အထူးသံတမန် Park Byeong-seug တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တောင်ကိုရီးယား သမ္မတ၏ အထူးသံတမန် Park Byeong-seug နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယနေ့သည် တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော အရေးပါသည့်ကာလ၌ တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-တောင်ကိုရီးယားဆက်ဆံရေးကို အစဉ်အမြဲ အထူးအလေးထားကြောင်း၊ တောင်ကိုရီးယားအစိုးရသစ် တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ လီဂျေမြောင်တို့ ဖုန်းဖြင့်ဆက်သွယ်ကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန်နှင့်စပ်လျဉ်း၍ အရေးပါသည့် သဘောတူညီမှုများရရှိခဲ့ရာ နှစ်ဖက်ဆက်ဆံရေး နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များ လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အိမ်နီးချင်းများနှင့် သဟဇာတဖြစ်၍ ချစ်ကြည်ရင်းနှီးခြင်း၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းတို့သည် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသမိုင်းဖြစ်စဉ်က သက်သေထူခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မူဝါဒသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုရှိပြီး နှစ်ဘက်အနေဖြင့် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်ကို အခိုင်အမာ လက်ကိုင်ထားရန်၊ ချစ်ကြည်ရင်းနှီးသော ဦးတည်ချက်ကို ခိုင်မာစွာထားရှိရန်၊ ဘုံအကျိုးစီးပွားများကို ချဲ့ထွင်ရန်၊ ပြည်သူချင်းသံယောဇဉ် တိုးတက်ကောင်းမွန်စေရန်၊ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်သင့်ကာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးအား မှန်ကန်သော လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ ရေရှည်တိုးတက်စေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့်‌ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ နှစ် ၈၀ ပြည့်ဖြစ်သလို ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခြင်း နှစ် ၈၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “စက်တင်ဘာ ၃ ရက်” အထိမ်းအမှတ်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း၊ ဤအရေးကြီး၍ ထူးခြားမှုရှိသော အခိုက်အတန့်တွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးချစ်မြတ်နိုးသော နိုင်ငံနှင့် ပြည်သူများအားလုံးနှင့်အတူ သမိုင်းကြောင်း နှလုံးသွင်းခြင်း၊ အာဇာနည်သူရဲကောင်းများအား အောက်မေ့ခြင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားခြင်းနှင့် အနာဂတ်ကို ဖန်တီးတည်ဆောက်ခြင်းတို့ဖြင့် ဒုတိယကမ္ဘာစစ်အောင်ပွဲ ရလဒ်များနှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို အတူတကွ ကာကွယ်သွားလိုကြောင်း၊ တရုတ်-တောင်ကိုရီးယားနှစ်နိုင်ငံသည် နိုင်ငံတကာ လွတ်လပ်သော ကုန်သွယ်ရေးစနစ် ထိန်းသိမ်းကာကွယ်ရေးကို လက်တွဲဆောင်ရွက်လျက် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများကို အတူတကွဆန့်ကျင်ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး အယူအဆများကို လက်တွေ့အကောင်အထည်ဖော်၍ ကုလသမဂ္ဂ စသည့် မူဘောင်များအတွင်း ဆွေးနွေးညှိနှိုင်းမှုများကို မြှင့်တင်ကာ ဒေသတွင်းမှ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအထိ ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Park Byeong-seug က သမ္မတ ရှီကျင့်ဖိန်ထံ ပေးပို့သော တောင်ကိုရီးယားသမ္မတ လီဂျေမြောင်၏ စာလွှာကို ဝမ်ရိအား တစ်ဆင့် ပေးအပ်ခဲ့ပြီး တောင်ကိုရီးယားအစိုးရအသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန် အထူးအလေးထားရာ တရုတ်ဘက်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များရရှိထားသော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေး နီးကပ်စေပြီး အနာဂတ်ကို မျက်နှာမူသော လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်များ တိုးချဲ့ဆောင်ရွက်ရန်၊ ပညာရေး၊ လူငယ်လူရွယ် စသည့် ကဏ္ဍ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး မြှင့်တင်ကာ တောင်ကိုရီးယား-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် ဆောင်ရွက်သွားလိုကြောင်း၊ တောင်ကိုရီးယားအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ ရပ်တည်ချက်ကို အစဉ်အမြဲလေးစားပြီး တရုတ် စသည့် အဓိကနိုင်ငံကြီးများနှင့် ဆက်ဆံရေးကို အပြိုင် ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
王毅会见韩国总统特使朴炳锡
新华社北京8月25日电 8月24日,中共中央政治局委员、外交部长王毅在北京会见韩国总统特使朴炳锡。
王毅表示,今天是中韩建交33周年纪念日,两国关系正处于改善发展的重要时期。中方始终重视中韩关系。韩国新政府就任后,习近平主席同李在明总统通电话,就推动中韩战略合作伙伴关系迈向更高水平达成重要共识,为下步双边关系发展指明方向。中韩关系发展历程证明,睦邻友好、求同存异、拓展合作是正确的选择。中方对韩政策保持稳定性和连续性,双方应恪守建交初心、坚定友好方向、拓展共同利益、改善国民感情、妥处敏感问题,推动中韩关系沿着正确轨道行稳致远。
王毅表示,今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是朝鲜半岛光复80周年。中方将隆重举行“9·3”纪念活动。在这个重要特殊节点,中方愿同所有爱好和平的国家和人民一道,铭记历史、缅怀先烈、珍爱和平、开创未来,共同捍卫二战胜利成果和国际公平正义。中韩还应携手维护国际自由贸易体系,共同反对贸易保护主义,要践行多边主义理念,加强在联合国等框架内的沟通协调,有效应对地区乃至全球性挑战。
朴炳锡请王毅转交韩国总统李在明致习近平主席的信函,表示韩新政府高度重视发展对华关系,愿同中方共同努力,落实两国元首共识,密切高层交往,拓展面向未来的务实合作,增进教育、青年等领域人文交流,推动韩中战略合作伙伴关系重回正轨。韩方始终尊重一个中国立场,愿并行发展同中国等主要大国关系,共同维护地区和平稳定与发展繁荣。(完)
图说:8月24日,中共中央政治局委员、外交部长王毅在北京会见韩国总统特使朴炳锡。 新华社记者 刘彬 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.