North America
ကင်ဂျုံအန်းနှင့် ယခုနှစ်တွင် တွေ့ဆုံရန် မျှော်လင့်ကြောင်း ထရမ့် ပြောကြား

ဝါရှင်တန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် ယခုနှစ်နှောင်းပိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ကြောင်း ဩဂုတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် တွေ့ဆုံမှုအစပိုင်းအတွင်း အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က ကင်နှင့် “အလွန်ကောင်းသော ဆက်ဆံရေး” ကို ထိန်းသိမ်းထားပြီး ၎င်းနှင့်ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် သူနဲ့ တကယ် အဆင်ပြေပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ အလားအလာ၊ ကြီးမားတဲ့ အလားအလာရှိတဲ့ နိုင်ငံရှိတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ၎င်းနှင့် ကင်တို့က ၂၀၁၈ ခုနှစ် ဇွန်လတွင် စင်ကာပူ၌ ပထမဆုံးတွေ့ဆုံခဲ့ပြီး ယင်းက ပထမဆုံးသော အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဖြစ်သည်။ ၎င်းတို့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ထပ်မံတွေ့ဆုံခဲ့ပြီး ၎င်းနှစ်၌ပင် ဇွန်လနှောင်းပိုင်းတွင် ကိုရီးယား နှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌လည်း ထပ်မံတွေ့ဆုံခဲ့ကြသည်။ (Xinhua)
…………………….
(English Version)
Trump says he hopes to meet Kim Jong Un this year
WASHINGTON, Aug. 25 (Xinhua) — U.S. President Donald Trump said Monday that he hopes to meet with Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), later this year.
Speaking to reporters at the White House during the outset of his meeting with visiting South Korean President Lee Jae-myung, Trump said he maintains a “very good relationship” with Kim and looks forward to meeting him again.
“I get along with him really well. I think he has a country of great potential, tremendous potential,” Trump said.
During Trump’s first presidential term, he and Kim first met in Singapore in June 2018, marking the first-ever U.S.-DPRK summit. They met again in Hanoi, Vietnam in February 2019, and later that June in the inter-Korean border village of Panmunjom. ■
English Caption
U.S. President Donald Trump (R) waits to welcome Canadian Prime Minister Mark Carney at the White House in Washington, D.C., the United States, on May 6, 2025. (Xinhua/Hu Yousong)