China
တရုတ်နိုင်ငံ၏ ခုခံတော်လှန်ရေးစစ်ပွဲက ကမ္ဘာ့ ကျူးကျော်စစ် ဆန့်ကျင်ရေးတိုက်ပွဲအတွက် စံနမူနာဖြစ်သည်ဟု တန်ဇန်းနီးယားနိုင်ငံ ပညာရှင် Humphrey Moshi ပြောကြား

ဒါအက်စ်ဆယ်လန်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
“တရုတ်ပြည်သူများက ဂျပန်စစ်ဝါဒကျူးကျော်မှုစစ်ပွဲကို ခုခံတော်လှန်ရာမှာ ဧရာမကြီးမားလှတဲ့ စတေးမှုတွေ ရှိခဲ့ပါတယ်။ တရုတ်ပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုက မိမိရဲ့အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းလိုက်ရုံတင်မကဘဲ အခြားနိုင်ငံတွေ ကျူးကျော်စစ်ကို ခုခံတွန်းလှန်ဖို့၊ လွတ်လပ်ရေးနဲ့ လွတ်မြောက်ရေး ဆိုတဲ့ တရားမျှတရေးလုပ်ငန်း ဖော်ဆောင်ဖို့အတွက်လည်း စံနမူနာဖြစ်ခဲ့ပါတယ်” ဟု တန်ဇန်းနီးယားနိုင်ငံ Dar es Salaam တက္ကသိုလ် တရုတ်ရေးရာ လေ့လာရေးစင်တာ ဒါရိုက်တာ Humphrey Moshi က မကြာမီရက်ပိုင်းအတွင်း ဆင်ဟွာသတင်းဌာနသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ထို့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဖြစ်သလို တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအတွက်လည်း အစားထိုးမရသည့် အရေးပါသည့် အကျိုးဆောင်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းကာလသမိုင်းကြောင့် ကမ္ဘာက ကျူးကျော်စစ်ကို ခုခံတော်လှန်၍ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းသော တရုတ်ပြည်သူများ၏ ခိုင်မာသည့်သန္နိဋ္ဌာန်ကို မြင်တွေ့ခဲ့ရကြောင်း Moshi က ထောက်ပြပြောကြားခဲ့သည်။
Moshi အတွက်ဆိုလျှင် တရုတ်နိုင်ငံသည် ကျူးကျော်ချဲ့ထွင်မှု၊ ကိုလိုနီဝါဒကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းမှု၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းမှုအား အခိုင်အမာ လက်ကိုင်ထားရာ နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မှုနှင့် လေးစားမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိသည်ဟု ယူဆသည်။ ၂၀ ရာစုနှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများ၏ လွတ်လပ်ရေး၊ လွတ်မြောက်ရေး လုပ်ငန်းစဉ်ကို အခိုင်အမာ ထောက်ခံအားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီနိုင်ငံတွေရဲ့ အမြင်မှာ တရုတ်က သူတို့ရဲ့ အစဉ်အမြဲ စံနမူနာဖြစ်တယ်၊ သူတို့ ယုံကြည်အားထားထိုက်တဲ့ မိတ်ဆွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေ မသေချာမရေရာမှုများ မြင့်တက်နေသည့် နောက်ခံတွင် အချို့သော အနောက်နိုင်ငံများနှင့် အလျဉ်းမတူသည်မှာ တရုတ်နိုင်ငံက အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်မှုကို အဆိုပြု၍ ငြိမ်းချမ်းရေးကို တွန်းအားပေးခြင်း ဖြစ်ကြောင်း Moshi က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းသည် သမိုင်းကို မှတ်သားရန်အတွက် ဖြစ်သည်ဟု ၎င်းက ယူဆသည်။
“ကျူးကျော်မှုကို ဆန့်ကျင်တာ၊ ဖိနှိပ်မှုကို ဆန့်ကျင်တာ၊ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းတာဟာ ရေရှည်ရွေးချယ်မှုတစ်မျိုးဖြစ်သလို လူသားမျိုးနွယ်တို့ရဲ့ ဘုံတာဝန်ဝတ္တရားလည်း ဖြစ်တယ်ဆိုတာကို ဒါက ကမ္ဘာကို သတိပေးနေတာပါ” ဟု Moshi က ပြောကြားခဲ့သည်။
“တကယ်လို့ ကမ္ဘာက သမိုင်းအမှားကို ထပ်မမှားဖို့ ရှောင်ကြဉ်ချင်တယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ခုခံတော်လှန်ရေးသမိုင်းကို လေ့လာရမယ်”၊ “အထူးသဖြင့် လက်ရှိ နိုင်ငံတကာဆက်ဆံရေး ကစဉ့်ကလျားဖြစ်၊ ရှုပ်ထွေးနေတဲ့နောက်ခံအခြေအနေမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးရဲ့ ကာကွယ်သူနဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒရဲ့ ကာကွယ်ထိန်းသိမ်းသူအနေနဲ့ အရေးကြီးတဲ့အခန်းကဏ္ဍက ပိုမို ပါဝင်လာနေတယ်” ဟု Moshi က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
海外人士谈抗战|专访:中国抗战为世界反侵略斗争树立榜样——访坦桑尼亚学者莫希
新华社达累斯萨拉姆8月28日电 专访:中国抗战为世界反侵略斗争树立榜样——访坦桑尼亚学者莫希 新华社记者华洪立
“中国人民在反抗日本军国主义侵略的战争中付出了巨大牺牲。中国人民的英勇斗争不仅捍卫了自身主权,也为其他国家反抗侵略、争取独立与解放的正义事业树立了榜样。”坦桑尼亚达累斯萨拉姆大学中国研究中心主任汉弗莱·莫希日前在接受新华社记者专访时如是说。
莫希指出,中国人民抗日战争是一场民族解放斗争,同时也为世界反法西斯战争作出了不可替代的重要贡献。这段历史让世界看到了中国人民反抗侵略、维护正义的坚强意志。
在莫希看来,中国始终反对侵略扩张、反对殖民主义,坚定维护多边主义、追求和平发展,在国际社会赢得了广泛尊重与信任。20世纪下半叶,中国坚定支持亚洲、非洲、拉丁美洲国家的独立解放进程,“在这些国家眼中,中国一直是他们的榜样,是他们值得信赖的朋友与合作伙伴”。
莫希说,在当前地缘政治不确定性上升的背景下,与一些西方国家截然不同的是,中国始终倡导合作、推动和平。
莫希认为,中国举行抗战胜利80周年纪念活动,是为了铭记历史,“这是在提醒世界:反对侵略、反对压迫、维护正义,是一种长远选择,也是人类共同的责任”。
“如果世界想避免重蹈历史覆辙,就必须学习中国抗战的历史。”莫希说,“尤其是在当前国际关系复杂动荡的背景下,中国作为和平的捍卫者和多边主义的维护者,正在发挥越来越重要的作用。”(完)
1. 8月27日,一名记者在中国人民抗日战争纪念馆内采访。新华社记者 张玉薇 摄