Connect with us

Asia

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ က ပူးတွဲကြေညာ စာတမ်း အား အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်ကြီး အဆင့် ဆွေးနွေးပွဲ ကျင်းပ

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အရာရှိ တို့ က ပန်မွန်ဂျုံ တွင် ဆွေးနွေးပွဲ ကျင်းပ နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ဘက် ဆိုင်ရာ တို့က ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပန်မွန်ဂျုံ ရှိ ငြိမ်းချမ်းရေး အိမ်တော် တွင် ၉ ကြိမ် မြောက် နှစ်နိုင်ငံ ဗိုလ်ချုပ်ကြီး အဆင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ခဲ့ပြီး ” ပန်မွန်ဂျုံ ကြေညာစာတမ်း” အကောင်အထည် ဖော်ရန် ကိစ္စရပ် နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကာ ဆွေးနွေးမှု အပြီး ကြေညာချက် မထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ သတင်း မီဒီယာ များ က တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး ၏ ပြောကြားချက်ဖြင့် ယခု အကြိမ် ဆွေးနွေးပွဲ တွင် နှစ်နိုင်ငံ အနေဖြင့် ပန်မွန်ဂျုံ စစ်မဲ့ ဧရိယာ အတွင်း ရှိ နှစ်ဖက် ကင်းစခန်းများ ဖျက်သိမ်းရေး ကို ဆွေးနွေး ခဲ့ကြောင်း ၊ ပန်မွန်ဂျုံ ဒေသ တပ်စခန်း ဧရိယာ ရှိ လက်နက်ကိုင် တပ်ဖွဲ့ များ ဖယ်ရှားရေး နှင့် အတူတကွ ကိုရီးယား စစ်ပွဲ အတွင်း ကျဆုံးခဲ့သည့် စစ်သည် ရုပ်အလောင်းများ အား တူးဖော်ရေး စသည့် ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။ အဆိုပါ အရာရှိ က ဆွေးနွေးပွဲ အတွင်း နှစ်ဖက် အနေဖြင့် အငြင်းပွားမှု များကို သေးငယ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့ ကိစ္စရပ်များတွင် သဘောတူညီမှု မရရှိခဲ့သောကြောင့် ကြေညာချက် မထုတ်ပြန် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ နှစ်နိုင်ငံ အနေဖြင့် စစ်မဲ့ ဧရိယာ အတွင်း ငြိမ်းချမ်းရေး ဇုန် တည်ဆောက်ရေး နှင့် ပတ်သက်၍ အဓိက အကြောင်းအရာ များတွင် နှစ်နိုင်ငံ အနေဖြင့် သဘောတူညီချက် ရရှိခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်မည့် အချိန် နှင့် ပုံစံ စသည့် ကိစ္စရပ် များနှင့် ပတ်သက် ဆက်လက်၍ ဆွေးနွေးသွားရမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု နှစ် ဧပြီလ ၂၇ ရက် တွင် တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် တို့က ပန်မွန်ဂျုံ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး ” ပန်မွန်ဂျုံ ကြေညာစာတမ်း” အား ထုတ်ပြန် ခဲ့သည်။ ” ပန်မွန်ဂျုံ ကြေညာစာတမ်း” တွင် စစ်မဲ့ ဧရိယာ အား ငြိမ်းချမ်းရေး ဇုန်အဖြစ် တည်ဆောက်ရေး စသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.